October 23, 2024

သန်လျင်တံတားပေါ်မှ ခုန်ချသူဟုဆိုသည့် အမျိုးသား၏ ရုပ်အလောင်းကို တွေ့ရစဥ်

MT News

Written By A Thaung

သန်လျင်တံတားပေါ်မှခုန်ချသွားသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်အစပ်ရှိ ကမာကြည်တံတားအနီးတွင် နိုဝင်ဘာ ၁၆ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသည့် ပရဟိတအသင်းများက ပြောသည်။

အဆိုပါအမျိုးသားမှာ လွန်ခဲ့သည့်သုံးရက်က သန်လျင်တံတားပေါ်မှ ခုန်ချသွားခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၆ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ကမာကြည်တံတားအနီး ရုပ်အလောင်းပြန်တွေ့ခြင်းဖြစ်ကာ ဖြစ်စဉ်အရ သန်လျင်တံတားပေါ်မှခုန်ချသွားသည့် အမျိုးသားတစ်ဦးဖြစ်ကြောင်း Medical လူငယ်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ပထမတော့ ငမိုးရိပ်ချောင်းမှာတွေ့တာ။ အနီးအနားကပြည်သူတွေက ဝါးလုံးနဲ့ထိုးထုတ်လိုက်တော့ ဒီဘက်ကိုရောက်လာတယ်။ သူက ဝဲထဲမှာ ပေါ်လိုက်မြုပ်လိုက်ဖြစ်နေတာ။ အခုတော့ ကိုင်းပေါ်မှာ အလောင်းတင်နေတယ်။ ရုပ်ကတော့ တော်တော်ပျက်နေပြီဆိုတော့ ဘယ်သူ ဘယ်ဝါဆိုတာ ခွဲလို့မရအောင်ပျက်စီးနေပြီ” ဟု ၎င်းကပြောသည်။

အဆိုပါအမျိုးသားရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်နှစ်ဦးက ကြိုးဖြင့်ဆွဲရန်စီစဉ်သော်လည်း ရုပ်အလောင်းမှာ ပုတ်ပွနေသဖြင့် အခက်အခဲကြားမှ ဆယ်ယူရပြီး ရေပြန်အကျတွင်သောင်ပေါ်တင်နေသဖြင့် ဆယ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *