October 19, 2024

၄. ၁၁. ၂၀၂၃
Written by Nyein Kyaw

မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသည့် GG Fest 2023 ပြိုင်ပွဲကို ယနေ့မှစတင်၍ နှစ်ရက်တာကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့သည်။

လူငယ်များအကြား ဒီဂျစ်တယ်နှင့် ဂိမ်းအတွေ့အကြုံများကို မြှင့်တင်ရေးနှင့် ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် ဂိမ်းကစားနိုင်မှုစွမ်းရည်တို့ကို ပြသရန် အခွင့်အရေးရရှိနိုင်စေမည့် GG Fest 2023 Offline ပွဲတော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ ၅ ရက်အထိ Rose Garden ဟိုတယ်၌ ကျင်းပပြုလုပ်လျက်ရှိဖြစ်ပြီး ပွဲတော်သို့ ဝင်ရောက်ရန် GG Fest သို့ လက်မှတ်ပြရမည် ဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-04_13-11-38-2-1024x579.jpg

မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် GG Fest 2023 ပြိုင်ပွဲသို့ MLBB World Champion ပြိုင်ပွဲ M4 ၏ ချန်ပီယံဖြစ်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ၏ ECHO အသင်းလည်း လာရောက်မည့်အပြင် ပွဲတော်အတွင်း ဂိမ်းချစ်သူများအနေဖြင့် Cosplay ပြိုင်ပွဲ၊ PS4 ဂိမ်းပြိုင်ပွဲ အတွေ့အကြုံများ၊ အခြားသော ပျော်ရွှင်စရာ အစီအစဉ်များကို ခံစားနိုင်မည်ဖြစ်ပြီး ဂိမ်းကဏ္ဍမှ နာမည်ကျော်ကြားသော အနုပညာရှင်များနှင့် တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း သိရသည်။

GG Fest 2023 ပြိုင်ပွဲ၏ ဂိမ်းပြိုင်ပွဲများကို နံနက် ၉ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ ပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့တွင် Six Sens နှင့် Impunity Game နှစ်သင်း၏ GG Esports Valorant Grand Final ကို နံနက် ၉ နာရီ ၃၀ မိနစ်တွင်လည်းကောင်း၊ Mythic SEAL နှင့် Burmese Ghouls နှစ်သင်း၏ MLBB Men Upper Bracket Final ကို နေ့လည် ၁၂ နာရီတွင်လည်းကောင်း၊ Net Angels နှင့် Burmese Ghouls Reines နှစ်သင်း၏ MLBB Women Grand Final ကို နေ့လည် ၂ နာရီနှင့် GG Fest 2023 ဖွင့်ပွဲအခမ်းအနားအား ညနေ ၄ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-11-04_13-11-41-1024x576.jpg

MLBB Worldchampion ပြိုင်ပွဲ M4 ၏ ချန်ပီယံဖြစ်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ၏ ECHO အသင်းနှင့် မြန်မာနိုင်ငံ၏ နာမည်ကြီးကစားသမားများနှင့် ဖွဲ့စည်းထားသည့် GG ALL Star တို့က Fun Match ပွဲစဉ်အဖြစ် ယနေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *