October 19, 2024

၄. ၁၁. ၂၀၂၃
Writing By Treasure

နိုဝင်ဘာ ၁၆ ရက်မှာ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် အဝေးကွင်းပွဲစဉ်အတွက် မြန်မာအသင်းဟာ ပြင်ဆင်ချိန် ၁၁ ရက်သာ ရရှိထားပါတယ်။

မြန်မာအသင်းအနေနဲ့ ဒီနေ့ နိုဝင်ဘာ ၄ ရက်အထိ ကျင်းပသွားမယ့် ၂၀၂၃ မြန်မာ‌နေရှင်နယ်လိဂ် ပွဲစဉ်(၁၉) ပြီးဆုံးမှသာ လေ့ကျင့်မှုတွေကို စတင်နိုင်မှာဖြစ်ပေမယ့် AFC Cup ကစားဖို့ ကျန်ရှိနေသေးတဲ့ ရှမ်းယူနိုက်တက်အသင်းက ရွေးချယ်ထားတဲ့ ကစားသမားအချို့နဲ့ ပြည်ပမှာ သွားရောက်ကစားနေတဲ့ ကစားသမားတွေကတော့ လာရောက်ပူးပေါင်းနိုင်ခြင်း‌ရှိသေးမှာမဟုတ်ဘဲ ရှမ်းယူနိုက်တက်အသင်းရဲ့ ကစားသမားတွေကတော့ နိုဝင်ဘာ ၉ ရက် နောက်ပိုင်းမှသာ ပူးပေါင်းနိုင်မယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-04_13-14-06-1024x1024.jpg

အဲ့ဒါကြောင့် ဂျပန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲမတိုင်ခင် လေ့ကျင့်ပြင်ဆင်ချိန် ၁၁ ရက်ရရှိခဲ့ပေမယ့် ကစားသမားတွေ အစုံအလင်နဲ့ လေ့ကျင့်မှုပြင်ဆင်မှု ရက်ပိုင်းအနည်းသာ ရရှိတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရသလို ကြားရက်မှာ ပြိုင်ပွဲအကြိုခြေစမ်းပွဲ ယှဉ်ပြိုင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ဟာ ၂၀၂‌၂ ကာတာကမ္ဘာ့ဖလား ‌ဒုတိယအဆင့်ခြေစစ်ပွဲမှာလည်း တွေ့ဆုံခဲ့ဖူးပြီး ဂျပန်အသင်းရဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်တုန်းက ၁၀ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားတာကြောင့် နည်းပြချုပ် မိုက်ကယ်အနေနဲ့ နည်းပြချုပ်ဟောင်း အန်တွမ်နီဟေးလက်ထက်က မြန်မာအသင်းရဲ့ ဂိုးပြတ်ရှုံးကြွေးကို ပြန်လည်ချေဖျက်ဖို့ လိုအပ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *