October 19, 2024

◼️ ဂါဇာဒေသအတွင်း စစ်ပွဲကြောင့်သေဆုံးသူ ၉,၂၀၀ ကျော် ရှိလာ

၄. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ပြင်သစ်နိုင်ငံ၏ AFP သတင်းဌာန အဆောက်အအုံကို အစ္စရေးတို့၏ နိုဝင်ဘာ ၂ ရက် လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ရာတွင် ဝန်ထမ်းများ တစ်စုံတစ်ရာထိခိုက် ဒဏ်ရာရမှုမရှိခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်တွင်ပြောခဲ့ပြီး ထိုကဲ့သို့တိုက်ခိုက်မှုပြုရခြင်းအကြောင်းရင်းကိုလည်း အစ္စရေးအစိုးရထံ မေးမြန်းထားကြောင်း ပြောခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် AFP သတင်းဌာနတည်ရှိရာအဆောက်အအုံမှာ ကြီးမားစွာထိခိုက်ပျက်စီးခဲ့ရသည်။ ပြင်သစ်အစိုးရက နိုဝင်ဘာ ၂ ရက်တွင် ဂါဇာရှိ ပြင်သစ်နိုင်ငံသား ၃၄ ဦးကို ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်းလည်းကြေညာခဲ့ပြီး ပြင်သစ်သမ္မတ မက်ခရွန် က ဂါဇာဒေသအတွင်း အရပ်သား ဓားစာခံတို့အတွက်များစွာစိုးရိမ်မိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုပါကြောင်း ထပ်မံပြောကြားခဲ့သည်။

သို့သော် အစ္စရေးစစ်ဖက်ကမူ ၎င်းတို့အနေနှင့် AFP သတင်းဌာန အဆောက်အအုံအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းမဟုတ်ကြောင်းနှင့် ၎င်းအဆောက်အအုံအနီးပစ်မှတ်တစ်ခုကို တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက်တွင် ပြန်လည်ပြောကြားခဲ့သည်။ AFP ကမူ ၎င်းတည်ရှိရာအဆောက်အအုံအား အစ္စရေးကြည်းတပ်၏ လက်နက်ကြီးပစ်ခတ်မှု ထိမှန်ခဲ့သည့်အပြင် နိုဝင်ဘာ ၂ ရက်တွင် လေကြောင်းတိုက်ခိုက်မှုပါခံခဲ့ရ၍ ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ရကြောင်းပြောခဲ့သည်။

AFP အနေဖြင့် ဂါဇာမြို့ရှိ ၎င်း၏သတင်းဌာနအဆောက်အအုံကို ဤကဲ့သို့တိုက်ခိုက်ခံရမှုအတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းလည်း ကြေညာချက်ထုတ်ခဲ့သည်။ AFP က အစ္စရေး-ဟားမားစ် စစ်ပွဲကာလအတွင်းရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်လည်ပတ်နေသော ဂါဇာရှိ နိုင်ငံတကာသတင်းဌာနကြီးသုံးခုအနက်တစ်ခုလည်းဖြစ်သည်။

အောက်တိုဘာလ ၇ ရက်က စတင်ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်အတွင်း နိုဝင်ဘာ ၃ ရက်အထိ သေဆုံးသူ ၉,၂၀၀ ကျော်သွားပြီဖြစ်ကြောင်း ဂါဇာဒေသ ကျန်းမာရေးဝန်‌ကြီးဌာနက ပြောခဲ့သည်။

Ref——Reuters, France 24

Leave a Reply

Your email address will not be published. Required fields are marked *