October 19, 2024

၄. ၁၁. ၂၀၂၃
Written by Nay Aung

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် ကုန်ဈေးနှုန်းများ ယခင်ထက် သုံးဆမြင့်တက်လာခဲ့ကြောင်း ဒေသခံများက ထုတ်ဖော်ပြောဆိုလိုက်သည်။

ရခိုင်လက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့နှင့် မြန်မာ့တပ်မတော်အကြား အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မူဆယ်မြို့အတွင်း ကုန်ဈေးနှုန်းများသည် နေ့စဉ်မြင့်တက်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ မူဆယ်မြို့ဒေသခံတစ်ဦးက တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် လမ်းများပိတ်ဆို့နေ၍ ကုန်ကားများ သွားလာလို့မရသဖြင့် ကုန်ဈေးနှုန်းများမြင့်တက်လာနေခြင်းဖြစ်ကြောင်း ပြောသည်။

မူဆယ်မြို့ခံတစ်ဦးက “ကြက်သားတစ်ပေါင်ကို အရင်က မြန်မာကျပ်ငွေ ၉၀၀၀ သာ ရှိပေမယ့် လက်ရှိမှာ မြန်မာကျပ်ငွေ ၂၉၀၀၀ အထိ ဈေးမြင့်တက်နေတယ်။ ဒါ့အပြင် ကြက်ဥ တစ်ကတ် ဈေးနှုန်းက လက်ရှိမှာ မြန်မာကျပ်ငွေ ၁၈၀၀၀ နဲ့ ၂၀၀၀၀ ကြားပေါက်ဈေးရှိနေတယ်” ဟုပြောသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် လမ်းကြောင်းတွင် ကုန်စည်စီးဆင်းမှု ပိတ်ဆို့နေပြီး ဒေသခံများသည် အစားအစာများ ရရှိရန်အတွက် စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။ တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိဒေသခံများသည် ဆန်၊ စက်သုံးဆီ၊ သကြား၊ ရေနံ၊ ဓာတ်ငွေ့များအပါအဝင် အခြေခံစားသုံးကုန်နှင့်ပတ်သက်သောကုန်စည်များကို အလျင်အမြန်ဝယ်ယူခဲ့ရာ လက်ရှိအချိန်တွင် အဆိုပါစားသုံးကုန်အခြေခံပစ္စည်းများ လိုအပ်ချက်များရှိနေပြီး ဝယ်ယူရန်အခက်အခဲများဖြစ်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စက်သုံးဆီနှင့် ဓာတ်ငွေ့ဆိုင်များလည်း ပိတ်ထားရကြောင်း သိရသည်။ တိုက်ပွဲများဖြစ်ပွားနေသော မြို့များတွင် ဆန်ဈေးနှုန်းများသည် ယခင်က ကျပ်တစ်သိန်းသာပေါက် ဈေးရှိခဲ့သော်လည်း တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် ဆန်တစ်အိတ်ဈေးနှုန်းသည် တစ်ဖြည်းဖြည်းမြင့်တက်လာနေပြီး အောက်တိုဘာ ၃၁ ရက်နေ့က ဆန်တစ်အိတ်ကို မြန်မာကျပ်ငွေ ၁သိန်းခွဲအထိ ဈေးတက်ခဲ့ကာ လက်ရှိအချိန်တွင် ဆန်တစ်အိတ်ကို မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင်အထိ ဈေးတက်နေကြောင်း သိရသည်။

ဆန်၊ ကြက်ဥနှင့် လောင်စာဆီများကို ဝယ်ယူရန် အခက်အခဲများရှိနေသလို ဒေသခံအများစုသည် လက်ရှိအချိန်တွင် ခေါက်ဆွဲခြောက်နှင့် စားအုံးဆီကိုသာ ဝယ်ယူရရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိဒေသခံတစ်ဦးက “မြို့ပြမှာ ဆန်ပြတ်လပ်မှုတွေဖြစ်နေတယ်။ အိမ်ထောင်စုတိုင်းဟာ ဆန်လိုအပ်ချက်ကြောင့် အလုအယက်ဝယ်ယူခဲ့တယ်။ကြက်ဥတွေလည်း အခု ဝယ်ယူလို့မရတော့ဘူး”ဟု‌ ပြောသည်။

Ref; henan.china.

Leave a Reply

Your email address will not be published. Required fields are marked *