October 19, 2024

◼️နီပေါငလျင်ကြောင့် သေဆုံးဒဏ်ရာရသူ ဆက်လက်တိုးလာနိုင်

၄. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

နီပေါနိုင်ငံအနောက်အလယ်ပိုင်းရှိ ဂျာဂျာကော့ခရိုင်နှင့်အနောက်ရူကွမ်ခရိုင်တို့အတွင်း ပြင်းအား မဂ္ဂနီကျူ့ ၆ ဒသမ ၄ ရှိ အင်အားပြင်းထန်သောငလျင်တစ်ခု နိုဝင်ဘာ ၃ ရက် ညနှောင်းပိုင်းအချိန်က လှုပ်ခတ်သွားခဲ့ရာ စုစုပေါင်း လူ ၁၂၈ ဦးသေဆုံးပြီး ၁၄၁ ဦးဒဏ်ရာရခဲ့ကြောင်း Kathmandu Post သတင်းစာကဖော်ပြခဲ့ကြောင်း သိရသည်။

ထိုလှုပ်ခတ်မှုကို နီပေါနိုင်ငံ၏ ငလျင်ဘေးဒဏ်ကြီးကြပ်ရေးနှင့်သုတေသနပြုရေးစခန်းက ငလျင်မှာ ည ၁၁ နာရီ ၄၇ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-11-04_10-46-02-1024x576.jpg

နိုဝင်ဘာ ၄ ရက် နံနက် ၃ နာရီတွင် ရရှိသောသတင်းများအရ ဂျာဂျာကော့ခရိုင်နှင့်အနောက်ရူကွမ်ခရိုင်တို့အတွင်း၌ ငလျင်ဒဏ်ကြောင့် သေဆုံးမှုအများဆုံးဖြစ်ကာ ဂျာဂျာကော့ခရိုင်တွင် ၉၂ ဦးသေဆုံး၍ အနည်းဆုံး ၅၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများအနက် ငါးဦးမှာဒဏ်ရာပြင်းထန်သောကြောင့် ဆေးရုံသို့တင်ပို့ခဲ့ရသည်။

အလားတူပင် အနောက်ရူကွမ်ခရိုင် အတွင်းတွင်လည်း သေဆုံးသူ ၃၆ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၈၅ ဦးရှိခဲ့သည်။

ငလျင်က မြေအောက်အနက် ၁၀ ကီလိုမီတာကိုသာ ဗဟိုပြုလျက်လှုပ်ရှားခဲ့ခြင်းကြောင့် အင်အားပြင်းထန်ခဲ့ပြီးအရှေ့ဘက်မိုင် ၃၀၀ အကွာရှိ ခတ္တမန္ဒူမြို့တော်၌ပင် အဆောက်အအုံများ လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။အလားတူပင် ငလျင် လှုပ်ခတ်ရာနေရာနှင့် တောင်ဘက် မိုင် ၅၀၀ အကွာရှိ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှပင် ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ကြရသည်။

ငလျင်ကြောင့် သေဆုံးဒဏ်ရာရရှိသူဦးရေမှာ ဆက်လက်တိုးလာနိုင်သေးကြောင်းလည်း သိရသည်။

Ref—–Kathmandu Post

Leave a Reply

Your email address will not be published. Required fields are marked *