October 19, 2024

၃. ၁၁. ၂၀၂၃
Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇)ရက်ကွက်၊ အောင်မေတ္တာလမ်းနေ မဝင်းသန္တာဆွေကို ၂၀၂၁ မတ် ၁၅ ရက်မှာ ဒလန်၊ သူလျှို၊ သတင်းပေးစွပ်စွဲပြီး ရိုက်နှက်၊ နှိပ်စက်၊ ပစ္စည်းယူလူသတ်တရားခံတွေထဲက ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံပြေးဂျပန်ကြီး(ခ) ဘိုထွန်း (ခ) ထွန်းထွန်းအောင်ဟာ ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မဝင်းသန္တာဆွေကို သူလျှို၊ ဒလန်၊ သတင်းပေးလို့ စွပ်စွဲပြီး သံပုံးတီး မောင်းထုတ်ခဲ့တဲ့၊ သောင်ကြီး ဘုန်းကြီး ကျောင်းကို ခေါ်ဆောင် စစ်ဆေးမေးမြန်းခဲ့အပြီးမှာ ရွှေထည်ပစ္စည်းတွေလုယူတဲ့အပြင် လူကိုပါ သတ်ဖြတ်လိုက်တဲ့ တရားခံတွေဟာ ဂျပန်ကြီးအပါအဝင် ၂၆ ဦးရှိခဲ့ပြီး အဲဒီအထဲက တရားခံအများစုဟာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို လှမျိုးအောင် (ခ) ဝက်ကြီးနဲ့ အောင်သူရဇော် (ခ) သူရတို့နှစ်ဦးကတော့ ဖြိုးဇေယျာသော်၊ ဂျင်မီတို့နဲ့အတူ သေဒဏ်ပေးခံခဲ့ရတာပါ။

ဒါပေမဲ့လည်း အခြားတရားခံတွေဖြစ်တဲ့ အညာသား (ခ)မျိုးဇော်ထက်(ဘ) ဦးဝင်းခိုင်၊ မင်းခန့်(ခ)နှင်းကိုကို (ဘ)ဦးသောင်းတင်၊ ဒေါ်တင်တင်အေး(ဘ)ဦးငွေငြိမ်း၊ ဖိုးသဲ(ဘ)စိစစ်ဆဲ၊ အောင်နိုင်ကို(ဘ)စိစစ်ဆဲ၊ ယဉ်ထွေး(ဘ)စိစစ်ဆဲ၊ ဒေါ်ခင်မာဌေး (ဘ)စိစစ်ဆဲ၊ မပွင့်(ဘ)စိစစ်ဆဲ၊ မင်းမင်း(ခ)အောင်မင်းဦး(ဘ)ဦအုန်းလွင်၊ မြင့်ဦး (ဘ)စိစစ်ဆဲ၊ သန့်ဇင်(ဘ)စိစစ်ဆဲ၊ လှရီ(ဘ)စိစစ်ဆဲ၊ ကြည်လွင်(ဘ)ဦးအောင်လှိုင်၊ ဂျပန်ကြီး(ခ)ထွန်းထွန်းအောင်(ခ)ဘိုထွန်း(ဘ)ဦးသန်းရွှေ၊ ဖိုးကျော်(ခ)ကျော်ကြီး(ခ) ကျော်ကျော်လတ်(ဘ)ဦးမောင်မြင့်၊ သန့်ဇော်ဦး(ခ)သက်ဇော်ဦး(ဘ)ဦးဝင်းလှိုင်နဲ့ ဥက္ကာ(ဘ)စိစစ်ဆဲ တို့က ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး အခုကတော့ တရားခံပြေးဂျပန်ကြီးသေသွားတာပါ။

ဂျပန်ကြီးဟာ တရားခံပြေးဖြစ်လာအပြီးမှာ Lion Battalion စစ်ကြောင်းမှာ PDF ဖြစ်လာခဲ့ပြီး သူဟာ နိုဝင်ဘာ ၂ ရက် မနက် ၅ နာရီလောက်မှာ ကြာအင်းဆိပ်ကြီးမြို့ကို လာတိုက်ခိုက်တဲ့ KNU နဲ့ Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်းအဖွဲ့နဲ့ နယ်မြေခံလုံခြုံရေးတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ မနက် ၁၀ နာရီလောက်အချိန် Lion Battalion စစ်ကြောင်းရဲ့ ဒုတိယခေါင်းဆောင် စစ်ကြောင်းမှူး စောလားနဲ့အတူ သေဆုံးသွားတာလို့ သိရပါတယ်။

ဂျပန်ကြီးသေဆုံးမှုအပေါ် PDF ထောက်ပို့တစ်ဦးဖြစ်တဲ့ Kay Kay က ဂျပန်ကြီးအသုံးပြုတဲ့ Bo Tun အကောင့်ကို Tag တွဲပြီး “ဂျပန်ကြီးရေ သပိတ်ထဲက ငါ့အမကိုငါကာကွယ်မှာဆိုပြီး ငါ့ကိုကာကွယ်ပြီး လွှတ်အောင်ထုတ်ပေးလာတာ ခုတော့နင်ကပါ ငါ့ကိုစိတ်ချလက်ချထားခဲ့ပြီလား လူမိုက်ကြီးရဲ့”(သတ်ပုံမူရင်းအတိုင်း)” လို့ရေးသားထားတဲ့အပြင် ဒီညနေမှာတော့ ဂျပန်ကြီးရဲ့ အလောင်းပုံကိုပါ My Day မှာ တင်လာခဲ့တာပါ။

နိုဝင်ဘာ ၂ ရက်နေ့က KNU နဲ့ Lion Battalion PDF တွေဟာ ကြာအင်းဆိပ်ကြီးကို လာသိမ်းပေမဲ့လည်း လူသိများတဲ့ စစ်ကြောင်းမှူးစောလားနဲ့ ဂျပန်ကြီးတို့အပြင် အများအပြားသေဆုံးခဲ့ပြီး စောလားလိုစစ်ကြောင်းမှူးကိုတောင် အလောင်းမကောက်နိုင်ဘဲ ထွက်ပြေးခဲ့ကြရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *