October 19, 2024

၃. ၁၁. ၂၀၂၃
Written by KL

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဥက္ကလာပမြို့နယ်၊ (ခ) ရပ်ကွက်ရှိ မဇ္စျေလမ်းရှိ ဝါးတိုင်​​ထောင်ထား​ပြီး ဝါးထရံမိုးထားသော မီးစက်ပြုပြင်ရေးလုပ်ငန်းမှာ နိုဝင်ဘာ ၂ ရက် ည ၁၁ နာရီ ၅၇ မိနစ်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟုသိရှိရသည်။

အဆိုပါ မီးလောင်မှုမှာ အလုပ်ရုံတွင်းရှိ Gas ဘူးဖြင့် ချိတ်ထားသော Blowtop ဖြင့် ဆေးလိပ်မီးညှိပြီး Gas ဘူးအား မီးမငြိမ်းသေးခင် အောက်ပြန်ချစဥ် Gas ဘူးလဲကျပြီး အောက်ရှိဆီအကြွင်းအကျန်များဖြင့် ထိတွေ့၍ မီးကူးစက်လောင် ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ စစ်ဆေးအတည်ပြုချက်များအရ သိရသည်။

မီးလောင်မှုကြောင့် အလျား ၁၀ ပေ၊ အနံ ၅ ပေရှိ ဝါးထရံမိုးအနည်းငယ် မီးလောင်ကျွမ်းခဲ့ပြီး၊ မီးငြှိမ်းသတ်ယာဥ် ၂ စီး၊မီးသတ်တပ်ဖွဲ့ဝင် ၂၁ ဦးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက်၂၄ နှစ်အရွယ် ကိုသီဟနိုင်ကို မြောက်ဥက္ကလာပမြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *