October 19, 2024

၃. ၁၁. ၂၀၂၃
Written by Pan Ei

နာမည်ကြီး တောင်ကိုရီးယားမင်းသား Park Seo Joon ဟာ ဟောလီးဝုဒ်မှာ “The Marvels” ရုပ်ရှင်နဲ့ ပွဲဦးထွက်တော့မယ်ဆိုတဲ့ သတင်းက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်နေမှာဖြစ်ပြီး အဲ့ဒီ ရုပ်ရှင်ဟာ လာမယ့်အပတ်ထဲမှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“Parasite”၊ “Midnight Runners” နဲ့ မကြာသေးမီက ဆုတွေရရှိခဲ့တဲ့ “Concrete Utopia” လိုမျိုး နာမည်ကြီးဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Park Seo Joon ဟာ “The Marvels” မှာ Prince Yan ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားတာဖြစ်ပြီး Prince Yan ဆိုတာ Captain Marvel လို့လည်း လူသိများတဲ့ Carol Danvers ရဲ့ ခင်ပွန်းနေရာက ဇာတ်ကောင် ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-03_14-56-50-2-1024x682.jpg

“The Marvels”ရဲ့ ဒါရိုက်တာ Nia DaCosta ကတော့ Park Seo Joon ရဲ့ နာမည်ကြီး ဒရမ်မာ ‘Itaewon Class’ ကို ကြည့်ပြီး Prince Yan ဇာတ်ရုပ်အတွက် ဘယ်သူက သင့်တော်မလဲဆိုတာကို စဉ်းစားရင်းနဲ့ Park Seo Joon ကို သတိရလိုက်တာဖြစ်တယ်လို့ မကြာသေးမီရက်ပိုင်းအတွင်းက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“Captain Marvel” ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ “The Marvels” မှာ Brie Larson၊ Iman Vellani၊ Teyonah Parris နဲ့ Samuel L. Jackson စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေနဲ့အတူ Park Seo Joon က ပါဝင်သွားမှာဖြစ်ပြီး The Marvels” ရဲ့ထွေလာမှာတော့ Park Seo Joon ရဲ့အခန်းကဏ္ဍကို များများစားစားမတွေ့ရပေမဲ့ ဇာတ်လမ်းထဲက သူ့အပိုင်းအတွက် ပရိသတ်တွေက မျှော်လင့်မှုတွေ အများကြီးရှိနေပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-03_14-56-50.jpg

“The Marvels” ရုပ်ရှင်ကိုတော့ လာမယ့် နိုဝင်ဘာလ ၁၀ ရက်ကစပြီး နိုင်ငံတကာမှာ ရုံတင်ပြသသွားမှာဖြစ်သလို တောင်ကိုရီးယားမှာတော့ နိုဝင်ဘာလ ၈ ရက်ကတည်းက ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref; Pinkvilla

Leave a Reply

Your email address will not be published. Required fields are marked *