October 19, 2024

၃.၁၁.၂၀၂၃
Written By Thandar

ယနေ့ နိုဝင်ဘာ ၃ ရက် ညပိုင်းမှာ မြန်မာ – ကိုရီးယားမော်ဒန် Musical Show ကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက Friday Night Live Show အဖြစ် တင်ဆက်ပေးမှာဖြစ်ပါတယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားတို့ရဲ့ Friday Night Live Show မှာ Korea K – Pop ၆ ဦးနဲ့ ပညာရှင်တွေ ပါဝင်ဖျော်ဖြေဖို့အတွက် နိုဝင်ဘာ ၂ ရက် ညပိုင်းက မြန်မာပြည်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-03_15-37-37.jpg

အဆိုပါ ဖျော်ဖြေပွဲကို မြန်မာ – ကိုရီးယား ယဉ်ကျေးမှု ဖလှယ်နိုင်ဖို့အတွက် Korea K – Pop အနုပညာနှစ်ခြိုက်သူတွေ ကြည့်ရှု နားဆင်နိုင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

ကိုရီးယားအနုပညာရှင်တွေနဲ့ အဖွဲ့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နဲ့ တာဝန်ရှိသူတွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သွားရောက် ကြိုဆိုကြပြီး နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ကျောင်းသားကျောင်းသူတွေက နှစ်နိုင်ငံအလံများ ဝှေ့ယမ်းတာ နှုတ်ဆက်ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-03_15-37-40.jpg

အဆိုတော်တွေရဲ့ ဓာတ်ပုံပါ စာတန်းတွေကိုင်ဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်အဖွဲနဲ့ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *