October 19, 2024

၂. ၁၁. ၂၀၂၃

Written by Ye Kyaw

တရုတ်နိုင်ငံ Industrial and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှုစနစ် (CIPS) တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် မြန်မာနိုင်ငံတွင် လုပ်ငန်းများ စတင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့တွင် ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၈ ရက်တွင် ICBC ရန်ကုန်ဘဏ်ခွဲသည် CIPS စနစ်နှင့် အောင်မြင်စွာချိတ်ဆက်ခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံး CIPS တိုက်ရိုက်ဘဏ်အဖွဲ့ဝင်အနေဖြင့် နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှုလုပ်ငန်း စတင်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံက ယွမ်ငွေဖြင့် နယ်စပ်ကုန်သွယ်ရေးကို စာရင်းရှင်းလင်းသည့်စနစ် စတင်ထူထောင်ပြီးနောက် (CIPS) စနစ်ကို မြန်မာနိုင်ငံ၌ စတင်အသုံးပြုခြင်းဖြစ်ကြောင်း၊ ယင်းသည် တရုတ်- မြန်မာနှစ်နိုင်ငံက ယွမ်ငွေဖြင့်ပူးပေါင်းဆောင်ရွက်မှုတွင် ရရှိသည့် ယွမ်ငွေကို မြန်မာနိုင်ငံ၌အသုံးပြုခြင်းကို ပိုမိုတိုးတက်မှုအား ကိုယ်စားပြုနေကြောင်း တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောကြားသည်။

This image has an empty alt attribute; its file name is 398347913_122132974742030934_2114248332466945954_n.jpg

တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်၏ သဘောတူညီချက်ရလဒ်များကို အတူတကွကြိုးပမ်းဖော်ဆောင်ကာ CIPS ဘဏ္ဍာရေးဝန်ဆောင်မှုကို ကောင်းမွန်စွာအသုံးပြု၍ ငွေကြေးဆိုင်ရာ ပေါင်းစပ်ပါဝင်မှုကိုမြှင့်တင်ပြီး နှစ်နိုင်ငံစီးပွားရေး အပြန်အလှန်အကျိုးပြု ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်သွားရန်မျှော်လင့်ကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

ICBC ရန်ကုန်ဘဏ်ခွဲသည် CIPS စနစ်တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ်ပါဝင်ခြင်းသည် မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများက မိမိနိုင်ငံ၌ပင် CIPS တစ်ကမ္ဘာလုံးစာရင်းရှင်းလင်းမှုကွန်ရက်အား တိုက်ရိုက်အဆင်ပြေ ထိရောက်စွာ ပါဝင်နိုင်ခြင်းကို ဆိုလိုနေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနိုင်ငံဖြစ်သည့်အတွက် CIPS စနစ်နှင့်ချိတ်ဆက်ခြင်းသည် မြန်မာ-တရုတ် နှစ်ဖက်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်၍ သက်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို လျှော့ချပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း မြန်မာ-တရုတ်ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်နက်ရှိုင်းရှိုင်း လက်တွေ့ကျကျဆောင်ရွက်ရန် ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *