October 19, 2024

၂.၁၁.၂၀၂၃

Translated by Htwe Ko Tun

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သက်ဆိုင်ရာဥပဒေမူကြမ်းမှာ လက်မှတ်ထိုးခဲ့ပြီးတဲ့နောက်မှာတော့ ရုရှားနိုင်ငံက ကျယ်ကျယ်ပြန့်ပြန့် နျူကလီယားစမ်းသပ်မှု တားမြစ်ရေး သဘောတူစာချုပ်(CTBT) မှာ ပါဝင်လက်မှတ်ရေးထိုးထားတာကို ပြန်လည်ပယ်ဖျက်လိုက်တယ်လို့ နိုဝင်ဘာ ၂ ရက်မှာ ကြေညာခဲ့ပါတယ်။

ရုရှားပါလီမန်က CTBT ပြန်လည်ရုပ်သိမ်းကြောင်း ဥပဒေမူကြမ်းကို မဲပေးအတည်ပြုခဲ့ကြပြီးဖြစ်ပါတယ်။ ဒီနောက် သမ္မတပူတင် လက်မှတ်ထိုးအပြီးမှာတော့ ရုရှားအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် နျူကလီယားစမ်းသပ်မှုများ တားမြစ်ရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားမှုကို ပယ်ဖျက်ပြီးဖြစ်သွားပါပြီ။

ရုရှားအစိုးရက အခုလိုရုရှားအနေနဲ့ သဘောတူစာချုပ်ကို လက်မှတ်ထိုးအတည်ပြုထားခြင်းကို ပယ်ဖျက်ရခြင်းက အမေရိကန်နိုင်ငံနဲ့ တန်းတူရည်တူအခွင့်အရေးရှိစေဖို့ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်က ၁၉၉၆ ခုနှစ်မှာ စတင်တဲ့ ဒီစာချုပ်မှာ လက်မှတ်ထိုးပေမယ့် လုံးဝအတည်ပြုထားခြင်းမရှိပါဘူး။ ရုရှားကတော့ စာချုပ်ကို ၂၀၀၀ ပြည့်နှစ်မှာ အတည်ပြုခဲ့ပါတယ်။

အဆိုပါ CTBT က နျူကလီယား စမ်းသပ်ဖောက်ခွဲမှုများအားလုံးကို စစ်ရေးရည်ရွယ်ချက်အရဖြစ်စေ၊ အရပ်ဘက် ငြိမ်းချမ်းစွာအသုံးပြုရေး ရည်ရွယ်ချက်အရဖြစ်စေ လုံးဝမပြုလုပ်ရန် တားမြစ်ထားတာဖြစ်ပါတယ်။

Ref – Anadolu Agency

Leave a Reply

Your email address will not be published. Required fields are marked *