October 19, 2024

၃. ၁၁. ၂၀၂၃
Written By Thandar

တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အချစ်ဖန်စီဒရာမာဇာတ်လမ်းပုံစံ “ချစ်ရူးမလေး” ရုပ်သံဇာတ်လမ်းတွဲကန်တော့ပွဲပေးကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား အောင်မြေမှာ ကျင်းပခဲ့ပါတယ်။

“ချစ်ရူးမလေးဆိုတဲ့ ဇာတ်လမ်းလေးက မင်းသမီးသစ်လေးဖြစ်တဲ့ သရုပ်ဆောင် ရွှေယမင်းနွယ်ရဲ့ ဇာတ်လေးပါ။ ဒီဇာတ်လေးကလည်း သူနဲ့လည်း လိုက်ဖက်တော့ လက်ခံဖြစ်ခဲ့တာပါ။ ချစ်ရူးမလေးဆိုတဲ့အတိုင်း လူငယ်ဆန်ဆန် မိန်းကလေးတစ်ယောက်က အရူးအမူးအချစ်ကို ချစ်မိတယ်ဆိုတဲ့ ဇာတ်လေးပါ။ သရုပ်ဆောင် ကျော်ထက်အောင်နဲ့ ဘုန်းမင်းနေလတို့ကလည်း ပါဝင်ပြီး သရုပ်ဆောင်ကြမှာဆိုတော့ ဒီဇာတ်လမ်းလေးက ပရိသတ် စိတ်ဝင်စားမှုရမယ့် ဇာတ်လေးဖြစ်မှာပါ”လို့ ဒါရိုက်တာ နေပိုင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-03_13-52-35-1024x647.jpg

လရောင်ကျူးရင့်ရဲ့ ဝတ္ထုကို ဇာတ်ညွှန်း နေခြည်အောင်သစ်က ရေးသားပြီး ဒါရိုက်တာ နေပိုင်က သရုပ်ဆောင် ကျော်ထက်အောင်၊ ဘုန်းမင်းနေလ၊ ဆုမြတ်နိုးဦး၊ ရွှေယမင်းနွယ်၊ ဦးထူးသာ၊ အေးသီတာ၊ အိရွှန်းမဒီ၊ ပိုးဂျူလိုင်ထွဋ်၊ ရှင်းသီရိသူ၊ ကလေးသရုပ်ဆောင် SKY၊ ဧကရီမော် အပါအဝင် သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားပါတယ်။

အပိုင်း ၁၀ ပိုင်းပါဝင်မယ့် သုံးပွင်ဆိုင်အချစ်ဇာတ်လမ်းတွဲကို နိုဝင်ဘာ ၅ ရက်ကစ ရန်ကုန်မြို့မှာ စတင်ရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-03_13-52-40-858x1024.jpg

“အသက် ၄နှစ်အရွယ်လောက်ကတည်းက အနုပညာကို ဝါသနာပါခဲ့တာပါ။ ငယ်ငယ်လေးကတည်းက မက်ခဲ့ရတဲ့ အိပ်မက်က အခုတော့ အကောင်အထည်ဖော်လာပြီ။ ပထမဆုံး ဇာတ်လမ်းတွဲကို ရိုက်ရတော့မယ်ဆိုတော့ ရင်ခုန် စိတ်လှုပ်ရှားနေပါတယ်။ ကောက်ရိုးမီးလိုမျိုး မဟုတ်ဘဲနဲ့ အနုပညာအလုပ်မှာ ဇွဲရှိရှိ ကြိုးစားသွားမှာပါ။ ဆရာတွေ သင်ပြထားတာတွေကို လိုက်နာပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ၊။ ပထမဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် အမှားတွေပါကောင်းပါနိုင်ပါတယ်။ အမှားတွေ ရှိခဲ့ရင်လည်း ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ် ”လို့ သရုပ်ဆောင် ရွှေယမင်းနွယ်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *