October 19, 2024

၃. ၁၁. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ ဆာမတ်ပရာကန်ပြည်နယ်တွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးသည် နိုဝင်ဘာ ၂ ရက် ည ၉ နာရီခန့်က လမ်းလျှောက်နေချိန်အတွင်း သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ဆာမတ်ပရာကန်ပြည်နယ် ဘန်ဖီးလ်ရဲစခန်းမှ တာဝန်ရှိသူများသည် အဆိုပါပစ်ခတ်မှုဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ရာ အသက် ၄၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားဖြစ်သူ ဦးသက်နိုင်ဦး ဆိုသူကို လမ်းဘေးတွင် လဲကျသေဆုံးလျက်တွေ့မြင်ခဲ့သည်။ ဦးသက်နိုင်ဦးသည် Soi Wat Bang Chalong လမ်းတွင် လမ်းလျှောက်လာချိန်အတွင်း ပစ်သတ်ခံရခြင်းမျိုးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-03_15-03-58-1024x576.jpg

CCTV ရုပ်သံမှတ်တမ်းများကို ပြန်လည်ကြည့်ရှုစစ်ဆေးရာတွင် ဆိုင်ကယ်စီးလာသော လူနှစ်ဦးက ဦးသက်နိုင်ဦးကို လုပ်ကြံသတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆိုင်ကယ်ပေါ်မှလူနှစ်ဦးက သေနတ်ဖြင့်နှစ်ချက်ပစ်ခတ်သွားခဲ့ရာ ဦးသက်နိုင်ဦးသည် လဲကျသွားခဲ့ကြောင်း ဘန်ဖီးလ်ရဲစခန်းမှတာဝန်ရှိသူများက ပြောသည်။

ဦးသက်နိုင်ဦးသည် ပစ်ခတ်ခံရမှုကြောင့် ညာဖက်နောက်ကျောတွင် နံရိုး၊ ညှပ်ရိုးများ၌ ဒဏ်ရာများရရှိကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပွားသော ပတ်ဝန်းကျင်တွင်နေထိုင်သည့် မျက်မြင်သက်သေများက ပစ်ခတ်မှုဖြစ်ပွားရသောအကြောင်းအရင်းကို အတိအကျမသိသလို ပစ်ခတ်မှုကျူးလွန်သူ နှစ်ဦးက ထိုင်းနိုင်ငံသား သို့မဟုတ် နိုင်ငံခြားသားဖြစ်သလား ဆိုသောအချက်ကိုလည်း အတိအကျမသိသေးကြောင်း ပြောခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-11-03_15-04-03.jpg

ပစ်ခတ်မှုကျူးလွန်ခဲ့သူနှစ်ဦးသည် ကျူးလွန်ခဲ့သော လမ်းနားရှိ အဆောက်အဦမှ အနောက်ဘက်ကို ဆိုင်ကယ်မောင်းကာ ထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲသူများက ပြောသည်။ သေဆုံးသူသည် မြန်မာအလုပ်သမားများကို ကြီးကြပ်ရသောခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပစ်ခတ်မှုမဖြစ်ပွားခင် တစ်လနီးပါးအကြာတွင် အလုပ်သမားများနှင့် ရန်ဖြစ်မှုများ ရှိခဲ့ဖူးကြောင်း၊ပစ်ခတ်မှုသည် ဦးသက်နိုင်ဦးအပေါ် လက်စားချေတုံ့ပြန်ခြင်းမျိုး ဖြစ်နိုင်ဖွယ်ရှိနေကြောင်း ခန့်မှန်းပြောဆိုမှုများရှိနေသည်။

ဆာမတ်ပရာကန်ပြည်နယ် ရဲတပ်ဖွဲ့အကြီး အကဲဖြစ်သူ Wichit Boonchinwuthikul က ပစ်ခတ်မှုကျူးလွန်ခဲ့သော သေနတ်သမားနှစ်ဦးကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် ပိတ်ဆို့မှုများ၊ ဖမ်းဆီးမှုများလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

Ref; khaosod

Leave a Reply

Your email address will not be published. Required fields are marked *