October 19, 2024

၃.၁၁.၂၀၂၃
Written By Thandar

အင်ဒိုနီးရှားနိုင်ငံမှာ ၆ ကြိမ်မြောက် ကျင်းပမယ့် Men Of The Year 2023 ပြိုင်ပွဲဝင်ရောက်ဖို့အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမောင် သီဟထွန်းဟာ ဒီနေ့ နိုဝင်ဘာ ၃ ရက် မနက် ၈ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

“ကျွန်တော်က ၂၀၁၉ ပြိုင်ပွဲတွေ ပြိုင်ခဲ့ပြီးမှ ရပ်နားခဲ့ပြီးတော့ ဒီနှစ်မှ ပြန်ပြီး ဒီလောကထဲ ပြန်ဝင်လာတာပါ။ ပထမဦးဆုံး Experience ဆိုတော့ တော်တော်လေးကို စိတ်လှုပ်ရှားနေပါတယ်။ အကောင်းဆုံးကြိုးစားပြီး ပြင်ဆင်မှုတွေလုပ်ထားပါတယ်။ နိုင်ငံတကာက အလှမောင်တွေနဲ့အတူ ရင်ပေါင်တန်းပြီး မြန်မာဆိုတာကို ချပြနိုင်ဖို့ သေချာလုပ်ဆောင်သွားမှာပါ။ Talent , National Costume စတဲ့ ပြိုင်ပွဲရဲ့ Activity အားလုံးကိုလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ ကြိုးစားထားပါတယ်။ ပြိုင်ပွဲပြိုင်ဖို့ ရက် ၂၀ လောက်ပဲ အချိန်ရတော့ အချိန်တော့ သိပ်မရသလိုဖြစ်သွားတယ်။ Winner ဆုအထိတော့ မှန်းထားပါတယ်။ အနည်းဆုံးတော့ Top 3 အထိ ရအောင် ကြိုးစားသွားမှာပါ ။ အင်ဒိုနီးရှားရဲ့ ယဥ်ကျေးမှုတွေ ပတ်သက်တာတွေလည်း လေ့လာထားခဲ့ပါတယ် ” လို့ အလှမောင် သီဟထွန်းက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-03_15-02-35-1024x1024.jpg

Man of the Year 2023 ပြိုင်ပွဲဟာ Masterly ၊ Mindful L ၊ Manly ၊ Masculine ၊ Modern အစရှိတဲ့ စကားလုံး ၅ လုံးကို အကောင်းဆုံး ကိုယ်စားပြုနိုင်သူ ဖြစ်ရမှာဖြစ်ပါတယ်။ လူငယ်တွေအတွက် စံနမူနာပြုဖြစ်စေမဲ့သူကိုရှာဖွေတဲ့ အဖွဲ့အစည်းဖြစ်သလို သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး၊ လူသားဆန်မှုနဲ့ ခရီးသွားလုပ်ငန်းတွေကို အလေးထားလုပ်ဆောင်တဲ့ အဖွဲအစည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်ထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပမယ့် Men Of The Year 2023 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမောင် သီဟထွန်းနဲ့အတူ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား အစရှိတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံက အလှမောင်တွေ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ သီဟထွန်းဟာ Mister World Myanmar 2019 က Top 6 Finalist ရရှိခဲ့ပြီး Mister Global Myanmar 2023 ပြိုင်ပွဲမှာ 2nd Runner Up ရရှိထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *