October 19, 2024

၃. ၁၁. ၂၀၂၃
Written by Pan Ei

ဂူဂျွန်ဖြိုးလို့ လူသိများတဲ့ ပရိသတ်အချစ်တော် မင်းသား Lee Min Ho နဲ့ နာမည်ကျော် တောင်ကိုရီးယား အမျိုးသမီး အဆိုရှင်အဖွဲ့ Blackpink ထဲက အဖွဲ့ဝင် Jisoo တို့ဟာ လာမယ့် ဒီဇင်ဘာလမှာ စတင်ရိုက်ကူးမယ့် “Omniscient Reader’s Viewpoint” ရုပ်ရှင်မှာ အတူတကွ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ကနဦးက Jisoo ဟာ ဒီရုပ်ရှင်မှာ ပါဝင်ဖို့အတွက် ဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ မနေ့ကတော့ ဇာတ်လမ်းအသစ်ကို စတင်ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သူမကိုယ်တိုင် အတည်ပြုခဲ့တာကြောင့် “Omniscient Reader’s Viewpoint” မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သွားမယ်လို့ သတင်းတွေ ပိုမိုထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်အချစ်တော် အနုပညာရှင်နှစ်ဦးတို့အတူ တွဲဖက်ပါဝင်မယ့် ဇာတ်လမ်းကို ပရိသတ်တွေက စောင့်မျှော်နေကြလျက်ရှိပြီး အဲ့ဒီဇာတ်လမ်းကို ဝမ် သန်း ၃၀ ကျော် အကုန်အကျခံရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။

“Omniscient Reader’s Viewpoint” ဟာ လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို များစွာရရှိထားတဲ့ နာမည်တူ Webtoon ကို အခြေခံပြီး ရိုက်ကူးသွားမှာဖြစ်ကာ မင်းသား Ahn Hyo Seop နဲ့ မင်းသမီး Nana တို့လည်း ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *