October 19, 2024

၃.၁၁.၂၀၂၃
Written by KL

အ​ခြားသော နိုင်ငံများတွင် မရှိဘဲ မြန်မာနိုင်ငံ ကရင် ပြည်နယ် ဇွဲကပင်တောင်ကြောတစ်လျောက်တွင်သာ ပေါက်ရောက်သည့် ကြွေပန်းမျိုးစိတ်သစ်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း Native Species Conservation and Identification in Myanmar (NSCI) က ထုတ်ပြန်ထားသည်။

ကြွေပန်းမျိုးစိတ်သစ်၏ ထူးခြားချက်မှာ ပေါက်ရောက်ရာ ထုံးကျောက်တောင်၏ အရောင်နှင့်လိုက်၍ အရွက်အရောင်ပါ ပြောင်းလဲတတ်ခြင်း၊ ပန်းခိုင်သည် ပင်စည်၏ထိပ်ဖျားမှ ထွက်​ခြင်းတို့ဖြစ်ပြီး ကြွေပန်း၏ သိပ္ပံနာမည်မှာ Begonia kayinensis ဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-03_12-45-20-827x1024.jpg

ကရင်ပြည်နယ်၏ ကြွေပန်းမျိုးစိတ်သစ်ရှာဖွေမှုကို NSCI ဦးဆောင်သူအပါအဝင် လူငယ်သုတေသနပညာရှင်များဖြစ်သော မမြဘုန်းမော်၊ ကိုခန့်ဇော်ဟိန်း၊ ကိုမင်းခန့်နိုင်တို့က ဖော်ထုတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ မျိုးစိတ်သစ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ကြွေပန်းမျိုးစိတ်သစ်ကို ၂၀၁၉ခု နှစ်က စတင်တွေ့ရှိခဲ့ပြီး မျိုးစိတ်သစ်အဖြစ် အတည်ပြုရန် သုတေသန လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ကြန့်ကြာမှုအချို့ရှိခဲ့သဖြင့် ယခု ၂၀၂၃ ခုနှစ်မှသာ အပြီးသတ်လုပ်ဆောင်နိုင်ခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-11-03_12-45-27-769x1024.jpg

ကမ္ဘာပေါ်တွင် ကြွေပန်းမျိုးစိတ်ပေါင်း ၂၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် ကြွေပန်းမျိုးစိတ်ပေါင်း ၉၀ ကျော်ရှိကြောင်း သုတေသန စာရင်းများအရ သိရသည်။

NSCI အဖွဲ့သည် မြန်မာ့ဇီဝဗေဒလောကကို အထောက်အပံ့ပြုပေးနိုင်ရန် မြေပြင်ကွင်းဆင်းကာ လုပ်ဆောင်နေ​ပြီး ပြည်သူများ မြန်မာ့ဇီဝမျိုးစိတ်များ​​အကြောင်း သိရှိနိုင်ရန် ကြိုးစား​နေသော အဖွဲ့တစ်ခုဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *