October 19, 2024

ကူကီးလက်နက်ကိုင်များက ရဲအရာရှိကို သ-တ်ဖြတ်၍ အကျဥ်းထောင်ပို့ခံရသူများမှာ ကူကီးလူမျိုးများဖြစ်

၃. ၁၁. ၂၀၂၃
Written by Nay Aung

အိန္ဒိယရဲတပ်ဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသတွင် ရဲအရာရှိတစ်ဦးဖြစ်သော Chingtham Anandkumar ဆိုသူ လုပ်ကြံသ-တ်ဖြတ်ခံရပြီးနောက် မြန်မာနိုင်ငံသားများအပါအဝင် လူပေါင်း ၄၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၁၀ ဦးကို ဆက်လက်ဖမ်းဆီးခဲ့ကာ နိုဝင်ဘာ ၂ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ခေါ်ယူ၍ ဆာဂျီဝါအကျဉ်းထောင်ကို ပို့ဆောင်ခဲ့ကြောင်းသိရသည်။

အိန္ဒိယရဲအရာရှိသည် ကူကီးလက်နက်ကိုင်အဖွဲ့၏ လုပ်ကြံသ-တ်ဖြတ်ခြင်းခံရခြင်းဖြစ်ကြောင်း၊ အိန္ဒိယရဲအရာရှိ လုပ်ကြံသ-တ်ဖြတ်ခံရပြီးနောက် အိန္ဒိယအာဏာပိုင်များသည် မဏိပူရပြည်နယ် ရဲကွန်မန်ဒိုအဖွဲ့၊ မဏိပူရပြည်နယ် ရိုင်ဖယ်တပ်ရင်း၊ အထူးတပ်ဖွဲ့များကို နယ်စပ်ဒေသတွင် ဖြန့်ကြတ်ချထားခဲ့ကြောင်း အိန္ဒိယသတင်းတွင် ဖော်ပြထားသည်။

This image has an empty alt attribute; its file name is photo_2023-11-03_12-02-22.jpg

အိန္ဒိယရဲတပ်ဖွဲ့သည် ရဲအရာရှိ လုပ်ကြံခံရမှုနှင့်ဆက်နွှယ်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ မိုးရေးမြို့အတွင်းမှ မြန်မာနိုင်ငံသား ၃၂ ဦးအပါအဝင် လူပေါင်း ၄၄ ဦးကို စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးခဲ့သူများအနက်မှ မြန်မာနိုင်ငံသား ၃၂ ဦးကို အင်ဖာမြို့ အကျဉ်းထောင်ကို ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကာ ကျန်သူများကို မိုးရေးမြို့ရဲစခန်းတွင် ထိန်းသိမ်း၍ အချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း အိန္ဒိယသတင်းတွင်ဖော်ပြထားသည်။

ဖမ်းဆီးခဲ့သူ ၄၄ ဦးသည် ကူကီးလူမျိုးများဖြစ်ပြီး ၃၂ ဦးက မြန်မာနိုင်ငံသား ကူကီးလူမျိုးများဖြစ်ကြောင်း၊ အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။

မိုးရေးမြို့ရဲတပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုအဖွဲ့များသည် ရဲအရာရှိ Chingtham Anandkumar အသ-တ်ခံရမှုတွင် ပါဝင်ပတ်သက်နေသူများကို ဖမ်းဆီးနိုင်ရေးအပြင် မြို့အတွင်း နောက်ထပ် တိုက်ခိုက်မှုများမဖြစ်စေရန် စစ်ဆေးရှာဖွေမှုများလည်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ဆေးရှာဖွေမှုများလုပ်ဆောင်ချိန်အတွင်း အိန္ဒိယပိုင်နက်ထဲသို့ တရားမဝင်ရောက်ရှိနေထိုင်နေသည့် မြန်မာနိုင်ငံသားအများအပြားကို ဖမ်းဆီးခဲ့ပြီး အသေးစိတ်စုံစမ်းစစ်ဆေးရန်အတွက် မိုးရေးမြို့ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

Ref; e-pao

Leave a Reply

Your email address will not be published. Required fields are marked *