October 19, 2024

၃. ၁၁. ၂၀၂၃
Writing By Treasure

သက်တမ်းအလိုက် လူငယ်ဘောလုံးပြိုင်ပွဲတွေမှာ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ အသက် ၁၇ နှစ်အောက် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၁၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ အာဆီယံဘောလုံးလောကအတွင်း အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာတဲ့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၁ခုနှစ်ကနေ စတင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ယူ၂၀ ကမ္ဘာ့ဖလား‌ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပေမယ့် အစ္စရေးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားပရိသတ်တွေအနေနဲ့ ဆန္ဒပြပွဲတွေကျင်းခဲ့တာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အိမ်ရှင်ကျင်းပခွင့်ကို အင်ဒိုနီးရှားနိုင်ငံ အစား အာဂျင်တီးနားနိုင်ငံကို ပြောင်းလဲကျင်းပခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-03_10-27-13-1024x1024.jpg

ယူ၂၀ ကမ္ဘာ့ဖလား‌ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ အင်ဒိုနီးရှားအသင်းဟာ ၂၀၂၃ ယူ ၁၇ ကမ္ဘာ့ဖလား‌ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရရှိဖို့အတွက် ထပ်မံကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ လက်ခံကျင်းပသွားမယ့် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင် အင်ဒိုနီးရှားအသင်းအပါအဝင် ခြေစစ်ပွဲအောင် အသင်းပေါင်း ၂၄ သင်းက ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အုပ်စု ၆ အုပ်စုနဲ့ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၂၀၂၃ ယူ၁၇ ကမ္ဘာ့ပြိုင်ဖလားပြိုင်ပွဲဟာ အုပ်စုပထမနဲ့ အုပ်စုဒုတိယရရှိတဲ့ အသင်း(၁၂)သင်းနဲ့ အကောင်းအုပ်စုတတိယ ရရှိခဲ့တဲ့ အသင်း(၄)သင်းတို့က ၁၆သင်းရှုံးထွက်အဆင့်ကို တက်လှမ်းခွင့် ရရှိမှာဖြစ်ပါတယ်။

၂၀၂၃ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် အင်ဒိုနီးရှားအသင်းဟာ အီကွေဒေါအသင်း၊ ပနားမားအသင်း၊ မော်ရိုကိုအသင်းတွေနဲ့ အုပ်စု(A)မှာ ကျရောက်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ‌ အောင်မြင်မှုရရှိနိုင်ရေးအတွက် အင်ဒိုနီးရှားအသင်းအနေနဲ့ ဥရောပလေ့ကျင့်ရေးခရီးစဉ်အပါ အဝင် ဥရောပကလပ်အသင်းတွေနဲ့ပါ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *