October 19, 2024

၃. ၁၁. ၂၀၂၃
Written by Nyein Kyaw

ပြီးခဲ့သည့် စီမံကိန်းများကို ပြန်လည်သုံးသပ်ကြည့်မှုအရ နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရန် အမှန်တကယ် ‌အောင်မြင်နိုင်သည့် စီမံကိန်းများကိုသာ ရေးဆွဲဆောင် ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၂ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ် (၆/၂၀၂၃) တွင် ပြောကြားခဲ့သည်။

ဘဏ္ဍာ‌ရေးနှစ်အလိုက် စီမံကိန်းများ ရေးဆွဲ‌ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းများ ရေးဆွဲရာတွင် အမှန်တကယ် အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် စီမံကိန်းများကိုသာ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ အကြောင်း ကြောင်းကြောင့် အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက နိုင်ငံတော်အတွက် နစ်နာမှုများစွာဖြစ်ပေါ်စေနိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

This image has an empty alt attribute; its file name is photo_2023-11-03_09-43-13-1024x570.jpg

ပြီးခဲ့သည့် စီမံကိန်းများကို ပြန်လည်သုံးသပ်ကြည့်သည့်အခါတွင် မိမိတို့လူမျိုးများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အလုပ်လုပ်ရန် လိုအပ်နေသည်ကို တွေ့ရကြောင်း၊ လုပ်ငန်းများ အောင်မြင်တိုးတက်မှုရှိစေရေး အမှန်တကယ်အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်ရေး ဖန်တီးဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှမရှိခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်‌ရေးကို များစွာထိခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် ထိုက်သင့်သည့် တိုးတက်မှုများရရှိစေရန်အတွက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အစိုးရက ချမှတ်ထားသည့် မူဝါဒများကို အောင်မြင်အောင် အကောင်အထည်‌ဖော် ဆောင်ရွက်ကြရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *