၁.၁၁.၂၀၂၃
Written By Thandar
ယနေ့ နိုဝင်ဘာ ၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ YCC မှာ ကျင်းပတဲ့ OPPO ရဲ့ Find N3 Flip Myanmar Launch ပွဲကို Sepical Guest အနေနဲ့ ပိုင်တံခွန် တက်ရောက်ခဲ့သလို Oppo Brand Ambassador ဖြစ်တဲ့ ခင်ဝင့်ဝါနဲ့ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ နန်းဆုရတီစိုး၊ အလင်းရောင်၊ မေဂရေ့စ် တို့လည်း ပွဲတက်ခဲ့ကြပါတယ်။
“ကျွန်တော် ဖုန်းတွေ အကြမ်းခံတာတို့ ဘက်ထရီအကြာခံတာကို ကြိုက်တယ်။ ဖုန်းစိတ်ကြိုက်ပြောလို့လည်း ရတယ်။ နောက် Oppo Find N3 Flip ဟာ အကြိမ်ရေ ၆ သိန်း အခေါက်အဖြန့်လုပ်နိုင်တာကို ကြာရှည်ခံနိုင်အောင် ဖွဲ့စည်းထားတာကို ကြိုက်တယ်”လို့ သရုပ်ဆောင် အလင်းရောင်က ပြောပါတယ်။
ပွဲတက် အနုပညာရှင်တွေဖြစ်တဲ့ ခင်ဝင့်ဝါ ၊ နန်းဆုရတီစိုး၊ အလင်းရောင်တို့ရဲ့ ဝတ်စုံတွေရဲ့ ဖက်ရှင်ဒီဇိုင်းကို မိုးကုတ်ပေါက်ပေါက်က ဖန်တီးထားတာလည်းဖြစ်ပါတယ်။ Flip ဖုန်းတွေထဲမှာ ပထမဆုံး အဆင့်မြင့် Telephoto Len ပါဝင်တဲ့ Find N3 Flip ရဲ့ အမိုက်စား ဆန်းသစ်မှုတွေကို ထိတွေ့ခံစားရမှာဖြစ်ပါတယ်လို့ သိရပါတယ်။