October 19, 2024

၂. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ပြည်ထောင်စုစုံစမ်းထောက် လှမ်းရေးဗျူရို(FBI) ၏ ညွှန်ကြားရေးမှူး ခရစ်စတိုဖာရွေးက အီရန်အနေဖြင့် အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးများနှင့် အရာရှိဟောင်းများအပြင် ၎င်းတို့အား ဆန့်ကျင်သူများကို အမေရိကန်မြေပေါ်တွင် အပါအဝင် လုပ်ကြံမှုပြုရန်ကြိုးစားမှုများ တိုးတက်ပြုလုပ်နေကြောင်း စွပ်စွဲပြောကြားခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

ခရစ်စတိုဖာရွေးက အီရန်နိုင်ငံသည် ကမ္ဘာပေါ်တွင်အကြမ်းဖက်ဝါဒကိုအကြီးမားဆုံး အထောက်အပံ့ပြုနေသည့်နိုင်ငံဖြစ်သကဲ့သို့ အီရန်တို့က တိုက်ရိုက်အကြမ်း ဖက်မှုများကိုကျူးလွန်ခြင်းဖြစ်စေ (သို့မဟုတ်) ရာဇဝတ် ကောင်ကျူးလွန်မည့်သူများကို ငှားရမ်း၍ဖြစ်စေ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးများနှင့် အရာရှိ ဟောင်းများအပြင် ၎င်းတို့အား ဆန့်ကျင်သူများကို အမေရိကန်မြေပေါ်တွင်အပါအဝင် လုပ်ကြံမှုပြုရန်ကြိုးစားမှုများ တိုးတက်ပြုလုပ်နေသည်ဟု အထက်လွှတ်တော် အမိမြေလုံခြုံရေးနှင့်အစိုးရရေးရာ ကော်မတီသို့ တင်သွင်းသော ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ရွေးက အထက်လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်အချိန်မျိုးတွင် အကြမ်းဖက်တိုက်ခိုက်ရန် ခြိမ်း ခြောက်မှုတိုးလာနေသည်ဟု ဆိုခဲ့သည်။

မူလကပင် ဆက်ဆံရေးတင်းမာလျက်ရှိသော အီရန်နှင့် အမေရိကန်တို့မှာ အစ္စရေး-ဟားမားစ် စတင်ဖြစ်ပွားသည်တွင် နှစ်ဖက်အပြန်အလှန်စွပ်စွဲမှုများနှင့်အတူ ပို၍ မပြေမလည်ဖြစ်ခဲ့ရသည်။ အီရန်က အမေရိကန်အစိုးရအား အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ်တင်းမာမှုများဖြစ်စေရန် အစ္စရေးကို လက်နက်များထောက်ပံ့၍ အကူအညီပေးနေကြောင်း စွပ်စွဲခဲ့သလို အမေရိကန်ကလည်း အရှေ့အလယ်ပိုင်းဒေသအတွင်း ဟားမားစ်၊ ဟူသီ၊ ဟစ်ဇ်ဘိုလာ၊ အိုင်အက်စ် စသည့် အကြမ်းဖက်သူပုန်များကိုထောက်ပံ့ကာ အကြမ်းဖက်ဝါဒ ကမ္ဘာပေါ်တွင် ကြီးထွားလာရန်လုပ်ဆောင်နေသူအဖြစ် ရှုမြင်ထား သည်။

Ref—–GTNews

Leave a Reply

Your email address will not be published. Required fields are marked *