MT News
Written by Nay Moe
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့(PSDA) တပ်ဖွဲ့ဝင် PDF သုံးဦး စည်းကမ်းမလိုက်နာဘဲ ထွက်ပြေးသွားသဖြင့် တပ်ပြေးအဖြစ်ကြေညာပြီး အဆိုပါသုံးဦးနှင့် ပတ်သက်၍ တာဝန်မယူနိုင်ကြောင်း PSDA က နိုဝင်ဘာ ၁၅ ရက်နေ့ညတွင် ကြေညာထားသည်။
ထွက်ပြေးသွားသည့် PDF များမှာ ဟီးရိုး၊ စိန်ကြီး၊ သူရဆိုသူ သုံးဦးဖြစ်ပြီး ကိုယ်ပိုင်အမှတ်မှာ GZ နှင့် စသော်လည်း ဖော်ပြထားခြင်းမရှိချေ။
အဆိုပါ တပ်ပြေးသုံးဦးဖြစ်စဥ်အပေါ် PSDA အား MT News က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုမှုမရှိသေးချေ။
PSDA သည် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်ကမှ ခမရ (၄၂၄) မှ ဒုတပ်ကြပ်စိုးထိုက်ဆိုသူ CDM လုပ်လာကြောင်း ကြေညာထားသည့် အဖွဲ့ဖြစ်သည်။ ထို့အပြင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင်လည်း မူဆယ်မြို့နယ်၊ ၁၀၅ မိုင်စီးပွားရေးဇုံနယ်မြေတွင်တပ်မ(၉၉) လက်အောက် ခမရ (၄၂၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့်အတူ အရာရှိ တစ်ဦးအား တိုက်ခိုက်ချေမှုန်းနိုင်ကြောင်း ထုတ်ပြန်ထားသည့်အဖွဲ့ဖြစ်သည်။