၁. ၁၁. ၂၀၂၃
Written by Ye Kyaw
AYA Bank ငွေစာရင်းမှ အခြား AYA Bank ငွေစာရင်းများသို့ လွှဲနိုင်သော ငွေလွှဲပမာဏကို တစ်ရက်လျှင် ကျပ်သိန်း ၅,၀၀၀ အထိ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ယနေ့တွင် ဧရာဝတီဘဏ်က အသိပေး ကြေညာထားသည်။
နိုဝင်ဘာ ၁ ရက်မှစတင်၍ ငွေလွှဲပမာဏ ယခင် တစ်ကြိမ်လျှင် အများဆုံးသိန်း ၂၀၀ မှ ယခု တစ်ကြိမ်လျှင် သိန်း ၁,၀၀၀ အထိလည်းကောင်း၊ ယခင် တစ်ရက်လျှင် ကျပ်သိန်း ၁,၀၀၀ ငွေလွှဲနိုင်ရာမှ ယခု တစ်ရက်လျှင် ကျပ်သိန်း ၅,၀၀၀ အထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ငွေလွှဲခနှုန်းထားကိုလည်း နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ သိန်း ၂၀၀ နှင့်အထက်ကို ယခင်ငွေလွှဲခ ၁,၀၀၀ ကျပ်အစား ၅၀၀ ကျပ်သို့ တစ်ဝက်တိတိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
“MAB i banking ကတော့ တစ်ရက် သိန်း ၁,၀၀၀ လွှဲခမပေးရဘူး။ သိန်း ၁,၀၀၀ ကျော်သွားရင်တော့ မရတော့ဘူး” ဟု ဘဏ်ငွေလွှဲဆောင်ရွက်နေသူတစ်ဦးက ပြောသည်။