၁.၁၁. ၂၀၂၃
Written by Nay Moe
မြောက်ပိုင်းသုံးဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေး ပူးပေါင်းပါ၀င်တိုက်ခိုက်နေတဲ့ BPLA က PDF လေးဦးလည်း သေဆုံးပြီး ဒီနေ့မှာတော့ အသုဘအခမ်းအနားပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းအခြေစိုက် တပ်မ(၃၃)လက်အောက်ခံတပ်ရင်း၊ ခမရ(၁၃) နဲ့ BPLA တို့ ရှမ်းမြောက်တစ်နေရာမှာ အောက်တိုဘာ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၄၀ ကျော်ရရှိခဲ့တဲ့အပြင် ဗိုလ်ကြီးနေလင်းအောင်အပါအဝင် စစ်သုံပန်း ၃ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့တဲ့တိုက်ပွဲမှာ BPLA က PDF ၄ ယောက်လည်းသေပြီး ဒီနေ့မှာ အသုဘချခဲ့တာလို့ ထုတ်ပြန်မှုက ဆိုပါတယ်။
သေသွားတဲ့ BPLA PDF လေးယောက်ဟာ တပ်စိတ်မှူး ဌေးကျော်(ခ)ဗျတ္တ(ကပအမ- BA 00599)၊ တပ်စိတ်မှူး ချစ်စမ်းမောင် (ခ)သောကြာ(ကပအမ-BA 00667)၊ ဒုစိတ်မှူး အောင်ပိုင် (ခ)ဇွဲမာန်(ကပအမ-BA 00672) နဲ့ ရဲဘော်မင်းကိုနိုင် (ခ)တောဗိုလ်(ကပအမ- BA 00661)တို့ဖြစ်ကြပြီး သေသွားတဲ့ ဒီ PDF လေးယောက်စလုံးက ဒီပဲယင်းဒေသခံတွေပါ။
ပုံစာ။ သေသွားသော BPLA လေးယောက်၏ အသုဘမြင်ကွင်း