October 19, 2024

၂. ၁၁. ၂၀၂၃

Written by Nay Moe

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ကျပ် ဘီလျံ ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ တပ်မတော် (ရေ) က ဖမ်းမိခဲ့သည်ဟု သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ တွင် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းများသည် မူးယစ်ဆေးဝါးများအား ပင်လယ်ရေလမ်းကြောင်းကိုအသုံးပြုကာ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ကြိုတင်သတင်းများ ရရှိခဲ့၍ မြန်မာ့တပ်မတော်(ရေ)မှ ကော့သောင်းမြို့၏ အနောက် တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ မလေးရှားနိုင်ငံဘက်သို့ ဦးတည် ခုတ်မောင်းလာသည့် စက်လှေ ၁ စီးပေါ်မှ တရားခံ မင်းမင်းစိုး၊ အောင်မင်းသူ၊ သူရဦး(၁)၊ ရန်ပိုင်စိုး၊ မြင့်ထွန်း၊ ဝင်းလှိုင်ဦး၊ သူရဦး(၂)တို့အား GUANYINWANG စာတမ်းပါ အထုပ်များအတွင်းမှ ICE ၂၆၀၀ ကီလိုဂရမ်၊ ကာလတန်ဖိုး ငွေကျပ် ၁၀၄ ဘီလျံခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

This image has an empty alt attribute; its file name is 398331062_122132888738030934_4682594035787251045_n.jpg

ဖမ်းမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံပြေး ညီညီ သည် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါးဂိုဏ်းများဖြင့် ချိတ်ဆက်ကာ ပင်လယ်ရေလမ်းကြောင်းကို အသုံးပြု၍ မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်နေခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများအား မလေးရှားနိုင်ငံ ရေပိုင်နက်အတွင်းသို့ ရောက်ရှိပါက တရားခံပြေးညီညီ ချိတ်ဆက်ပေးမည့် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါး ဝယ်ယူသူထံ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားခံပြေး ညီညီ အပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *