October 19, 2024

၂.၁၁.၂၀၂၃
Written By Thandar

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ အိမ်ရှင်အနေနဲ့ လက်ခံကျင်းပမယ့် ၂၃ ကြိမ်မြောက် Miss Earth 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ဆောင်းနှင်းစံက ဝင်ရောက်ယှဥ်ပြိုင်သွားမယ်လို့ MTNews Entertainment ကို ပြောပါတယ်။

“ဒီပြိုင်ပွဲက နိုင်ငံပေါင်း ၁၀၀ ကျော်က အလှမယ်တွေနဲ့ ဆောင်း ဒီပြိုင်ပွဲဝင်ရမှာမို့ အရမ်း စိတ်လှုပ်ရှားမိပါတယ်။ ပြည်ပကို သွားရောက်ပြီး သူများနိုင်ငံတွေနဲ့ ရင်ပေါင်တန်းရမယ်ဆိုတော့ ဆောင်းဘက်က ‌သေသေချာချာလေးပြင်ဆင်ထားပါတယ်။ ဆောင်းအနေနဲ့ English Speaking တက်နေပါတယ်ရှင့်။ ဒါ့ပြင် ဗီယက်နမ် ဘာသာစကားကိုလည်း လေ့လာနေပါတယ်။ မြန်မာဆိုတာကို ချပြဖို့ ပြိုင်ပွဲအပေါ် ဆောင်း လက်ရှိ သေချာ အာရုံစိုက်ထားပါတယ်ရှင့်။ အကောင်းဆုံးယှဉ်ပြိုင်ကြိုးစားမှာပါရှင့်”လို့ မြန်မာကိုယ်စားပြုအလှမယ် ဆောင်းနှင်းစံက MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-02_13-05-42-682x1024.jpg

နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ နိုင်ငံပေါင်း ၁၁၄ နိုင်ငံက ကိုယ်စားပြုအလှမယ်တွေနဲ့အတူ အလှမယ် ဆောင်းနှင်းစံက အကြိတ်အနယ် ယှဥ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

“မမ နီနီ (ခ) နီနီလင်းအိမ်ဆို စထွက်ထဲက ထင်းနေတာပဲ‌။ဆောင်းကလည်း မမနီနီလိုမျိုး အမြဲ ထင်းနေအောင် မြန်မာဆိုတာ ထင်းနေအောင် လုပ်ဆောင်သွားမှာပါရှင့်။ ဆောင်းအတွက် National Costume ကိုလည်း Organization ဘက်က လုပ်ဆောင်နေဆဲပါ။ ဆောင်းဘက်က‌ အကောင်းဆုံး ကြိုးစားပြင်ဆင်နေပါတယ်။ ဆောင်းကို အားပေးပြီး ချစ်ပေးကြပါ။ ညီမလေးတို့က မြန်မာနိုင်ငံက နို၀င်ဘာ ၂၇ ရက်မှာ ပြည်ပထွက်ဖို့ စီစဥ်ထားပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

ဆောင်းနှင်းစံဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်မြို့ Royal Mei Hua Function Hall မှာ ကျင်းပခဲ့တဲ့ Miss Earth Myanmar 2023 ပြိုင်ပွဲမှာ Winner ဆုအပြင် Title ဆုအနေနဲ့ Miss ZN Fashion 2023, Best in Swimsuit နဲ့ Miss Propoliz 2023 ဆုတွေကိုပါရရှိထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *