October 19, 2024

အောက်တိုဘာ ၂၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ရှမ်းမြောက်ဒေသတိုက်ပွဲများကြောင့် ပျက်စီးမှုများကို တွေ့ရစဉ်

၂. ၁၁. ၂၀၂၃
Written by Ye Kyaw

တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ စသည့်မြို့များတွင် ဖွင့်လှစ်ထားသော ဘဏ်ခွဲများအား အောက်တိုဘာလ ၃၁ ရက်မှစတင်၍ ယာယီပိတ်ထားပြီး ပြန်လည်ဖွင့်လှစ်နိုင်မည့်အချိန်ကိုတော့ အတိအကျမပြောနိုင်သေးကြောင်း ပြည်တွင်းဘဏ်များမှ သိရသည်။

“ပိတ်ထားတဲ့ ဘဏ်ခွဲလေးတွေကတော့ လက်ရှိမှာ အောက်တိုဘာ ၃၁ ရက်နေ့ကစပြီးတော့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မူဆယ် ၁ နဲ့ ၂ ရယ်၊ လားရှိုးဘဏ်ခွဲ ၁ နဲ့ ၂ ရယ်။ ကျောက်မဲဘဏ်ခွဲရယ်၊ နောင်ချိုဘဏ်ခွဲရယ်၊ သီပေါဘဏ်ခွဲရယ် အောက်တိုဘာ ၃၁ ရက်ကစပြီး လက်ရှိယာယီပိတ်ထားတယ်။ ၃၁ ရက်နေ့ကမှ ပြန်ပြီးပိတ်ထားတာဆိုတော့လေ လက်ရှိမှာတော့ ယာယီပိတ်ထားသေးတယ်” ဟု ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-02_12-44-41.jpg

လက်ရှိအချိန်တွင် ရှမ်းမြောက်ဒေသရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် i Banking စနစ်ဖြင့်သာ ငွေလွှဲများ ‌ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဧရာဝတီဘဏ်အပါအဝင် ပြည်တွင်းဘဏ်များအနေဖြင့် i Banking ၏ ငွေလွှဲပမာဏများ တိုးမြှင့်ပေးခြင်းနှင့် လွှဲခနှုန်းထားများကို လျှော့ချသတ်မှတ်ပေးခြင်းများဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

“လက်ရှိမှာ‌တော့ i Banking စနစ်ကနေပြီးပဲ ဆောင်ရွက်နိုင်သေးတယ်။ အဲဒီအတွက် တချို့ ဖြေလျှော့မှုလေးတွေ၊ တိုးမြှင့်ပေးထားတာလေးတွေ လုပ်ပေးထားတယ်” ဟု ၎င်းက ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-02_12-44-47.jpg

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများဖြစ်နေသည့်အတွက် မြန်မာ-တရုတ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ဝန်ထမ်းများအလုပ်မဆင်းနိုင်ဘဲ ကုန်သွယ်ရေးလုပ်ငန်းများ လုံးဝရပ်ဆိုင်းထားသည့်အပြင် ဖရဲ၊ သခွားမွှေး တင်ပို့သည့် လုပ်ငန်းရှင်းများလည်း အဆိုပါ မူဆယ်လမ်းကြောင်းသို့ မတင်ပို့တော့ဘဲ ထိုင်းနယ်စပ်ဘက်သို့ ဈေးကွက်ရှာဖွေ တင်ပို့နေရခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA)တို့က အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ဆင်ရေးစတင်ခဲ့ကာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံနှင့် သိန္နီ ဒေသများသို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကာ နိုဝင်ဘာလ ၁ ရက်နေ့ (ယမန်နေ့)အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း SAC သတင်းထုတ်ပြန်ရေးမှ ထုတ်ပြန်ထားသည်။

ပုံစာ ။ အောက်တိုဘာ ၂၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ရှမ်းမြောက်ဒေသတိုက်ပွဲများကြောင့် ပျက်စီးမှုများကို တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *