October 19, 2024

၂. ၁၁. ၂၀၂၃
Written by Nay Moe

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်မှာ ရန်ကုန် – မော်လမြိုင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ‌မိုင်းထောင်ဖောက်ခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာ ရန်ကုန်ကနေထွက်ခွာလာတဲ့ အောင်ကျော်မိုးခရီးသည်တင်ယာဥ်ဟာ နိုဝင်ဘာ ၁ ရက် ည ၉ နာရီခန့်အချိန်မှာ ကျိုက်ထိုမြို့၊ ကျွန်းတောကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ် ရှိတဲ့ PT Power စက်သုံးဆီ အရောင်းဆိုင်အနီးမှာ မိုင်းထောင်ဖောက်ခွဲခံရမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-02_11-53-44.jpg

မိုင်းခွဲခံရတဲ့ အောင်ကျော်မိုး ခရီးသည်တင်ယာဥ်ပေါ်မှာ ခရီးသည် ၄၀ ဦးခန့် လိုက်ပါလာတယ်လို့ သိရပြီး ကနဦးသတင်းတွေအရ ပြည်သူ ၁၀ ဦးခန့်ထိခိုက်တယ်လို့ သိရပါတယ်။

ကျိုက်ထိုနယ်တကြောဟာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဖြစ်ခဲ့တဲ့ CDM ရဲ အေးမင်းထွန်းဦးဆောင်တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး ဒီအဖွဲ့ဟာ ပြည်သူတွေကို မကြာခဏတိုက်ခိုက်သတ်ဖြတ်နေတဲ့အပြင် တံတားတွေကိုမိုင်းခွဲဖျက်ဆီးမှုတွေလည်း လုပ်တတ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၂ ရက်တုန်းကလည်း ကျိုက်ထီးရိုးဘုရားတောင်တက်ကားဂိတ်ကို လာရောက်ပစ်ခတ်တိုက်ခိုက်လို့ ဘုရားဖူးပြည်သူလေးဦးသေဆုံးခဲ့ရသလို ရဲတပ်သားတစ်ဦးအပါအဝင် ပြည်သူ ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

Photo – CJ

Leave a Reply

Your email address will not be published. Required fields are marked *