October 19, 2024

၂. ၁၁. ၂၀၂၃
Written by Pan Ei

တရုတ်နိုင်ငံ Tsingtao ဘီယာစက်ရုံက ဘီယာချက်တဲ့ မုယောကန်ထဲ အပေါ့သွားခဲ့တဲ့ ဝန်ထမ်းတစ်ဦးကို လုံခြုံရေးအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နိုဝင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Tsingtao က ဝန်ထမ်းတစ်ဦးဟာ မုယောကန်ထဲမှာ ဆီးသွားနေတဲ့ အထောက်အထားကို ဗီဒီယိုနဲ့ ဓာတ်ပုံတွေနဲ့တကွ မကြာသေးမီရက်ပိုင်းအတွင်းက အင်တာနက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး တရုတ်လူမှုမီဒီယာ Weibo ပလက်ဖောင်းပေါ်မှာလည်း ကြည့်ရှုသူပေါင်း ဆယ်သန်းအထိရှိခဲ့ပါတယ်။

ဆိုရှယ်မီဒီယာအသုံးပြုသူအများအပြားကတော့ တရုတ်ရဲ့နာမည်ကြီးအဖျော်ယမကာအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ခုလိုအပြုအမူအတွက် ဒေါသထွက်ခဲ့ကြပြီး ဘီယာသောက်ရတာကြိုက်တဲ့သူတွေအနေနဲ့လည်း ထိတ်လန့်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ အဖြစ်အပျက်ကို တုံ့ပြန်တဲ့အနေနဲ့ Tsingtao စက်ရုံက ဝန်ထမ်းတွေရဲ့ အပြုအမူကို စောင့်ကြည့်တာ အားကောင်းစေဖို့နဲ့ နောင်မှာလည်း ခုလို ဖြစ်ရပ်တွေကို ကာကွယ်ဖို့ အစီအမံတွေ ချမှတ်ထားတယ်လို့လည်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *