၁-၁၁-၂၀၂၃
Written by MMAK
ကရာဘောင်ဖလား ၁၆ သင်းအဆင့် ထိပ်တိုက်တွေ့ဆုံမှုမှာ မနှစ်က ဗိုလ်လုပွဲဆင်နွှဲခဲ့တဲ့ မန်ယူနဲ့ နယူးကာဆယ်တို့လာရောက်ဆုံတွေ့နေတာကလည်း ပြိုင်ပွဲရဲ့ အရှိန်ကို ဆွဲမြှင့်လိုက်သလို နယူးကာဆယ်ကပဲ ရှုံးကြွေးဆပ်မလား။ မန်ယူကပဲထွက်ရမလား စိတ်ဝင်စားစရာ တွေ့ဆုံပွဲမှာ ဘယ်အသင်းတွေက အကျိုးအမြတ်ရနိုင်မလဲ၊ ဘယ်အသင်းတွေကတော့ ပျော်ရွှင်မှုပေးမလဲဆိုတာကို ခန့်မှန်းသုံးသပ်ပေးလိုက်ပါတယ်။ အားလုံးပဲ ရာနှုန်းပြည့်အပေါင်းပြနိုင်ကြပါစေ။
◾ဝက်စ်ဟမ်း Vs အာဆင်နယ်
သုံးရက်တစ်ပွဲကန်နေရတဲ့ ဝက်စ်ဟမ်းအသင်း ပွဲပန်းနေတာ သိသာပါတယ်။ လန်ဒန်ဒါဘီပွဲလည်းဖြစ်တယ်။ အိမ်ကွင်းလည်းဖြစ်တဲ့ အတွက် လူစုံနီးပါးထုတ်ပြီး အနိုင်ကန်ဖို့ တော့ပြင်ဆင်ထားမှာပါ။ အာဆင်နယ် အရံလူစာရင်း က ဝက်ဟမ်း အသင်းထက်သာသလို ကွာတားတက်မဲ့အရေးကြီးပွဲ ဖြစ်တဲ့အတွက် အာတီတာ အာရုံစိုက်ထားမှာပါ။ ခြေစွမ်းတည်ငြိမ်တဲ့ အာဆင်နယ် အသင်းကိုပဲ ကျွန်တော်တို့ ရွေးချယ်ထားရအောင်။
◾ ဘုန်းမောက် Vs လီဗာပူးလ်
အမှတ်ပေးပွဲမှာ ပထမဆုံး နိုင်ပွဲစရလာတဲ့ ဘုန်းမောက်အသင်း ယုံကြည်မှု ရှိနေမှာပါ။ အရံလူစာရင်းနဲ့လည်း ဂိုးသွင်းအားမကျတဲ့ လီဗာပူးလ်အသင်း ဂိုးတွေသွင်းဦးမှာပါ။ ဖွင့်ကစားလာမဲ့ လီဗာပူးလ်အသင်း ဂိုးတွေရသလို အိမ်ရှင် ဘုန်းမောက်ကိုလည်း တစ်ဂိုးလောက် ပြန်ပေးရမယ် ထင်ပါတယ်။ ဒီတော့ ဂိုးပေါ် တစ်ကြောင်းထဲကိုပဲ ရွေးချယ်ချင်ပါတယ်။
◾ ချယ်လ်ဆီး Vs ဘလက်ဘန်း
ဒဏ်ရာရ လူစာရင်းများနေပြီး ဂိုးသွင်းအားကျနေတဲ့ ချဲလ်ဆီးအသင်း ဒီပွဲ ပြီးရင် စပါး၊ မန်စီးတီးတို့နဲ့ ပွဲကျပ်တွေ ကန်ရမှာပါ။ တစ်ဆင့်နိမ့် ချန်ပီရှစ်ကလပ်အသင်း ဆိုပေမဲ့ ဘလက်ဘန်းအသင်းကို လျှော့တွက်ရင် မှားပါလိမ့်မယ်။ ချလ်ဆီးအသင်း နိုင်ခဲ့ရင်တောင် ဂိုးပြတ်မှာ မဟုတ်ပါဘူး။ ဒီတော့ ဘလက်ဘန်းအသင်းကိုပဲ ရွေးချယ်ထားလိုက်ပါ။
◾ အဲဗာတန် Vs ဘန်လေ
တန်းတက် ဘန်လေအသင်း တန်းပြန်မဆင်းရအောင်ဘဲ အာရုံစိုက်ထားမယ် ထင်ပါတယ်။ အဝေးကွင်း ညံ့သလို သွင်းဂိုးတွေ လွယ်လွယ်ကူကူ ခွင့်ပြုတတ်တဲ့ ဘန်လေပါ။ ဝက်စ်ဟမ်းနဲ့ အမှတ်ပေးပွဲ ကန်ခဲ့တဲ့ အဲဗာတန်အသင်း တန်ပြန်တိုက်စစ်တွေ ကောင်းခဲ့သလို အခွင့်အရေးတွေ အများကြီး ရခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ နိုင်ကြေးဖောက်ထားတဲ့ အိမ်ရှင် အဲဗာတန်ကိုပဲ ရွေးချယ်ရမှာပါ။
◾အစ်ဆွစ် Vs ဖူဟမ်
ချန်ပီယံရှစ်မှာ တစ်ပွဲ နှစ်ဂိုးလောက် သွင်းထားတဲ့ အစ်ဆွစ် အသင်းပါ။ ပြီးခဲ့တဲ့ လိဂ်ဖလားပွဲစဥ်မှာလည်း ဝုဗ်အသင်းကို ဖြုတ်ချခဲ့တဲ့ အစ်ဆွစ်ကို လျှော့တွက်လို့ မရပါဘူး။ ဖူဟမ် အဝေးကွင်းမှာ ကြေးပါးပါးလေးသာ ပေးထားပြီး ဂိုးပေါင်းကြေးမြင့်နေတာကြောင့် တစ်ဖက်တစ်ဂိုးစီ ပေးထားတဲ့ စျေးပါ။ အစ်ဆွစ် တစ်ဂိုးသွင်းမှာ သေချာပါတယ်။ အစ်ဆွစ်တစ်ဂိုးရတာနဲ့ မရှုံးတော့တာကြောင့် ဒီပွဲမှာတော့ အိမ်ရှင် အစ်ဆွစ်နဲ့ ဂိုးပေါ်ကို နှစ်ကျပ်ကွက်အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။
◾ မန်ယူ Vs နယူးကာဆယ်
ပြီးခဲ့နှစ် လိဂ်ဖလား ဖိုင်နယ်တက်ခဲ့တဲ့ နှစ်သင်း ထိပ်တိုက်တွေ့ဆုံပွဲပါ။ မန်ယူအသင်းက နှစ်ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီးဖလားရခဲ့ပါတယ်။ နယူးကာဆယ် အသင်းဟာ အဝေးကွင်းဆို ဂိုးတွေပေးရပြီး အိမ်ကွင်းလောက် မကောင်းပါဘူး။ နောက်ပွဲ အာဆင်နယ်အသင်းနဲ့ ကန်ရမဲ့ နယူးကာဆယ်ကို လက်ရှောင်ချင်ပါတယ်။ အိမ်ကွင်းမှာ မန်ယူအသင်း မရှုံးနိုင်ပါဘူး။ သရေနဲ့ အနိုင်ပါ။ သရေကျရင်တောင် ကြေးအပြည့်မရှုံးသေးပါဘူး။ နယူးကာဆယ် ဘောလုံးကိုင်ကစားရင် တန်ပြန်တိုက်စစ် ပိုကောင်းတဲ့ မန်ယူအသင်းရဲ့ ကောင်တာတွေနဲ့ ဂိုးတွေမြင်ရမှာပါ။ မန်စီးတီးပွဲအရှုံးကနေ ပြန်လည်နိုးထမဲ့ အိမ်ရှင် မန်ယူအသင်းကို ရွေးချယ်ထားစေချင်ပါတယ်။