September 19, 2024

MT News

၂၆. ၁၀. ၂၀၂၃

ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားဟာ သီတင်းကျွတ်ပိတ်ရက် ကာလအတွင်း ခရီးသွားမိဘပြည်သူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မိသားစုတွေ အဆင်ပြေစွာ ခရီးသွားလာနိုင်ဖို့ နေပြည်တော်-ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်၊ ရန်ကုန်-ပုဂံ-ရန်ကုန် ခရီးစဉ်တွေကို ပြေးဆွဲပေးမှာပါ။

ဒီခရီးစဉ်တွေအတွက် အထက်တန်းလက်မှတ်ကို ၃ ရက် ကြို၊ ရိုးရိုးတန်းလက်မှတ်ကို ၁ ရက်ကြိုတင် ရောင်းချပေးသွားမှာဖြစ်ပြီး ရထားစီးခရီးသွားမိဘပြည်သူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မိသားစုတွေ ကြိုတင်ဝယ်ယူ နိုင်ပြီး ခရီးစဥ်တွေကိုတော့ အောက်တိုဘာ ၂၇ ရက်ကနေ ၃၀ အထိ နေ့စဥ် အစုန်အဆန် ပြေးဆွဲပေးသွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *