October 19, 2024

၂၇. ၁၀. ၂၀၂၃

Written by Ye Kyaw

ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများ လျှပ်စစ်ကားတင်သွင်းခွင့်ပါမစ်အတွက် ဘဏ်လမ််းကြောင်းမှ လစာငွေလွှဲပြောင်းရမည့်ပမာဏ အနည်းဆုံးဒေါ်လာနှစ်သိန်းအစား ဒေါ်လာငါးသောင်းသို့ လျှော့ချသတ်မှတ်ကြောင်း အောက်တိုဘာ ၂၆ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သော အသိပေးကြေညာချက်နှင့် ပတ်သက်၍ သက်ဆိုင်အကျုံးဝင်သူများ ရှင်းလင်းလွယ်ကူစွာ ဆောင်ရွက်နိုင်စေရန် ပြင်ဆင်ထုတ်ပြန်ခြင်းဖြစ်သည်။ ယခင် ထုတ်ပြန်ခဲ့သည့် အသိပေးကြေညာချက်တွင် ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်)- တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသော လျှပ်စစ်သုံးမော်တော် ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုခဲ့သည်။

ထို့အတူ ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ- တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ငါးသောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင်တစ်စီးနှုန်း တင်သွင်းခွင့်ပြုခဲ့သည်။

အထက်ဖော်ပြပါ အသိပေးကြေညာချက်အား “ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်)နှင့် အခြားဝင်ငွေရရှိသူများသည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ငါးသောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း” ဟု ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ ဝင်ငွေရရှိသူစာရင်းတွင် အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်/ လျှပ်စစ်သုံးမော်‌တော်ဆိုင် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုးမပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကို လည်းကောာင်း ပါမစ်ခွင့်ပြုပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *