October 23, 2024

ဓာတ်ပုံ- ​မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်

MT News

၁၆. ၁၁. ၂၀၂၂

၂၀၂၃ SEA Games တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ရေကူးလက်ရွေးစင်အသင်းအတွက် နောက်ဆုံးလူရွေးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ သိရသည်။

၂၀၂၃ ခုနှစ်၊ မေလတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရေကူးအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် လက်ရွေးစင်အားကစားသမား နောက်ဆုံးအပြီးသတ် ရွေးချယ်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်နေ့အထိ ရေကူးပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များ စုံစမ်းရန်နှင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် အမည်စာရင်း ပေးသွင်းလိုသူများအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားပြီး ဒေါ်ဖြိုးပိုပိုထွေး(လ/ထ ညွှန်ကြားရေးမှူး၊ အနောက်ပိုင်းခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန) ဖုန်းနံပါတ် (၀၉-၄၂၁၀၄၇၈၀၃)နှင့်ဒေါ်အိဇင်ဖြိုး (အုပ်ချုပ်ရေးမှူး၊ အမျိုးသားရေကူးကန်) ဖုန်းနံပါတ်(၀၉-၄၄၈၈၄၄၈၁၂)သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *