၃၀. ၁၀. ၂၀၂၃
MTN Entertainment
မနေ့ညက ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ မန်ယူနဲ့ မန်စီးတီး ဒါဘီပွဲအတွက် MT News ရဲ့ ခန့်မှန်းပြိုင်ပွဲမှာ အတိအကျခန့်မှန်းပြီး ဆုငွေ ကျပ် ၅၀၀၀၀ ဆွတ်ခူးသူ ထွက်ပေါ်လာပါတယ်။
မန်ယူနဲ့ မန်စီးတီးပွဲမှာ အနိုင်ရတဲ့အသင်းက “မန်စီးတီး”ဖြစ်ပြီး ရလဒ်က “၀ – ၃” ဖြစ်သလို ဂိုးသွင်းသူတွေက “ဟာလန်း” က ပွဲချိန် ၂၆ မိနစ်(ပင်နယ်လ်တီ)နဲ့ ပွဲချိန် ၄၉ မိနစ်တို့မှာ ၂ ဂိုးနဲ့ “ဖိုဒန်”က မိနစ် ၈၀ မှာ ၁ ဂိုး သွင်းယူခဲ့တာပါ။
ဒီရလဒ်အကုန်လုံးကို “စိမ့်စိမ့်”အမည်နဲ့ Facebook သုံးစွဲသူက အောက်တိုဘာ ၂၉ ရက် ည ၈ နာရီ ၈ မိနစ်မှာ ခန့်မှန်းဖြေဆိုခဲ့ပြီး ရလဒ်အတိအကျ ခန့်မှန်းနိုင်ခဲ့တာကြောင့် MT News ရဲ့ ခန့်မှန်းပြိုင်ပွဲ ဆုကြေး ကျပ် ၅၀၀၀၀ ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီပို့စ်တင်ပြီးချိန်ကစလို့ ခန့်မှန်းဖြေဆိုသူ မစိမ့်စိမ့်အနေနဲ့ MTN Entertainment Page ကို လာရောက်ပြီး ဆုကြေးထုတ်ယူနိုင်ပြီဖြစ်ပါတယ်။
◾ MT News ၏ ခန့်မှန်းပြိုင်ပွဲပို့စ်ဖတ်ရှုရန်