MT News
၃၀. ၁၀. ၂၀၂၃
၁၀၂၇ စစ်ဆင်ရေးအဖြစ် အောက်တိုဘာ ၂၉ ရက်တွင် တပ်မဟာ(၅)စစ်ဒေသ သိန္နီမြို့နယ်ရှိ မိုင်းလီတပ်စခန်းကို ယမန်နေ့ ညပိုင်း ၈ နာရီ အချိန်ခန့်က တအာင်းတပ် PSLF/TNLA တိုက်ခိုက်သိမ်းယူခဲ့သည်ဟု TNLA က ယခုထုတ်ပြန်သည်။
တိုက်ပွဲအတွင်း သေနက် ၁၄ လက်၊ ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ 40 MM ဗုံးသီး ၁၂ လုံး၊ ကျည်ဆံများနှင့် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရခဲ့မိသည်ဟု ဆိုသည်။
အလားတူ ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့တွင် တပ်မဟာ(၆) စစ်ဒေသ လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းကို ယနေ့ နံနက်ပိုင်း ၄ နာရီ ၁၅ မိနစ်အချိန်တွင် တအာင်းတပ် PSLF/TNLA က ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေး အောက်တိုဘာ ၂၉ ရက်တွင် တပ်မဟာ(၂)စစ်ဒေသ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် တပ်မဟာ (၆)စစ်ဒေသ၊ လားရှိုးမြို့နယ်တို့ ၃ နေရာတွင် PSLF/TNLA နှင့် လခရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောင်ချို ကျောက်ကြမ်း တိုက်ပွဲတွင် လခရရှစ်ဦးသေဆုံးခဲ့သလို လက်နက် ၁၂ လက်၊ 60 MM မော်တာ ၁ လုံး၊ လက်နက်ခဲယမ်းများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟုလည်း TNLA က ပြောသည်။