October 19, 2024

MT News

Written By Thandar

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီ ခိုင်သင်းကြည်နဲ့အတူ သမီးစံထိပ်ထားဦးတို့က သီတင်းကျွတ်မှာ ဆီးမီးတွေထွန်းပြီး ဂါဝရပြုလိုက်တာပဲဖြစ်ပါတယ်။

“ဒီနှစ်သီတင်းကျွတ်မှာတော့ မခိုင်လေးနဲ့ ထိပ်လေးတို့ နှစ်တိုင်းလုပ်နေကြ ခြံထဲမှာဆီမီးလေးတွေ ထွန်းဖြစ်ကြတယ်။ သမီးလေးထိပ်ထိပ်က မခိုင်လေးကြိုက်တဲ့ Royal-D နဲ့ သီတင်းကျွတ်ဂါဝရပြုလေရဲ့။ သားအမိနှစ်ယောက် မေတ္တာတွေ အပြန် အလှန်မျှဝေရင်း အိမ်မှာဖြတ်သန်းဖြစ်ကြတဲ့ သီတင်းကျွတ်အမှတ်တရလေးပါပဲရှင်”လို့ သရုပ်ဆောင် ခိုင်သင်းကြည်က ပြောပါတယ်။

စံထိပ်ထားဦးကတော့ မကြာခင် ရက်ပိုင်းကပဲ မိခင်ရဲ့ မွေးနေ့လေးမှာ အမှတ်တရလက်ဆောင်လေးတွေ ပေးခဲ့တာလည်းဖြစ်ပါတယ်။ သူမကတော့ လက်ရှိ ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေလျက်ရှိပါတယ်။

“မခိုင်လေးရဲ့ပရိသတ်အားလုံးလည်း သီတင်းကျွတ်ကာလလေးမှာ ချစ်ရသူတွေနဲ့မေတ္တာတွေမျှဝေရင်း ဖြတ်သန်းနိုင်ကြပါစေနော်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *