
MT News
Written by Nay Moe
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ တပ်ထိပ်မှတ်တိုင်အနီး၊ ဘုရင့်နောင်တံတားအဆင်းက ရှမ်းချောင်းကျေးရွာ၊ အောင်မင်္ဂလာ(၂) လမ်းမှာ မနေ့က ည ၇ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
“မီးများတယ်။ အိမ်ခြေအရမ်းစိပ်ပြီး အိမ်တွေကပ်နေတော့ အိမ်အလုံး ၃၀ လောက် မီးထဲပါသွားတယ်။ အခုတော့ နေစရာမရှိတဲ့သူတွေကို ယာယီကယ်ဆယ်ရေးစခန်းဖွင့်ပေးထားရတယ်” လို့ ကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဥ်ကို လှိုင်သာယာမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်အုပ်စု ထွက်ခွာပြီး Level 1 အဆင့် ငြှိမ်းသတ်ခဲ့ရသလို နာရီ ဝက်နီးပါးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
Photo – Shwe Lei & CJ


