MT News
Photo Tha Doe
ပြည်သူ့ရင်ပြင်မှာ အောက်တိုဘာ ၂၇ ရက်ကနေ အောက်တိုဘာ ၃၀ ရက်အထိ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေတဲ့ မြင်ကွင်းတွေထဲက သီတင်းကျွတ် မီးပုံးပျံလွှတ်တင်မှုမြင်ကွင်းတွေပါ။
ဒီနေ့ လပြည့်နေ့မှာ ဆိုင်ခန်းပေါင်း ၅၀၀ လောက်ခင်းကျင်းပြသထားသလို ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်လိုတဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ပြည်သူ့ရင်ပြင်ပြည့်လျှံလုမတတ် လာရောက်ကြလို့ ယာဥ်ကြောတွေလည်း အခုအချိန်အထိ ပိတ်ဆို့နေပါတယ်။