၂၉. ၁၀. ၂၀၂၃
Written by MMAK
ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ မန်ချက်စတာဒါဘီညနဲ့ပွဲကို အင်တာနဲ့ရိုးမားကပါ အားဖြည့်ထားတာကြောင့် တနင်္ဂနွေညဟာ အိပ်ပျက်ရဦးမှာပါပဲ။ မနေ့ညကလည်း ၆၀ ရာခိုင်နှုန်းလောက်ပဲနိုင်ခဲ့တာမို့လို့ ဒီညအတွက်အိပ်ပျက်ရကျိုးနပ်အောင် အပေါင်းရလဒ်ထွက်မဲ့ပွဲစဥ်တွေကို ပျော်ရွှင်ပါစေ စေတနာပေါင်းပြီး ခန့်မှန်းပေးလိုက်ပါရစေ။
◾ဝက်ဟမ်း Vs အဲဗာတန်
နောက်ဆုံးပွဲစဥ်မှာ ရှုုံးပွဲကိုယ်စီ တွေ့ထားတဲ့ အသင်းနှစ်သင်းတွေ့ဆုံမှုပါ။ အဲဗာတန်နည်းပြကြီး ရှောင်ဒိုက်ဟာ ခံစစ်အသားပေးသူတစ်ယောက်ဖြစ်ပြီး အဝေးကွင်းမှာတော့ ဖွင့်ကစားဖို့မရှိဘဲ ကောင်တာတန်ပြန်နဲ့သာ ကစားဖို့များပါတယ်။ ဂရိနိုင်ငံအထိသွားပြီးယူရိုပါလိဂ် ကစားခဲ့ရတဲ့ ဝက်စ်ဟမ်းအသင်းလည်း ပွဲပန်းနေနိုင်တာကြောင့် သွင်းဂိုးတွေ အများကြီးမြင်ရဖို့ မရှိဘဲ ဂိုး စရတဲ့အသင်းက ပိတ်ကန်မဲ့ အနေအထားကြောင့် ဂိုးအောက်တစ်ကြောင်းတည်းကို ရွေးချယ်ထားပါတယ်။
◾ အက်စတွန်ဗီလာ Vs လူတန်တောင်း
တန်းတက်အသင်း လူတန်တောင်းအပေါ် အသင်းကြီးကြေး ပေါက်နေတဲ့ အူနိုင်းအမ်မရီရဲ့ အက်စတွန်ဗီလာပါ။ နောက် ဆုံးနှစ်ပွဲမှာ ရှစ်ဂိုးသွင်းခဲ့တဲ့အထိ တိုက်စစ်ကောင်းလွန်းနေပါတယ်။ အက်စတွန်ဗီလာ တစ်ဂိုး စရတာနဲ့ နောက်ထပ်သွင်းဂိုးတွေ ထပ်မျှော်လင့်လို့ရမှာဖြစ်ပြီး အနည်းဆုံး နှစ်ဂိုးနဲ့ နိုင်မဲ့ အိမ်ရှင်ဗီလာအသင်း အနိုင်ပြတ်သားမဲ့ပွဲပါ။
◾ ဘရိုက်တန် Vs ဖူဟမ်
ဖူဟမ်အသင်းခြေစွမ်းဟာ မှန်းဆရ ခက်ခဲပါတယ်။ ဘော်ဒီကြေးပြင်းပြင်း ဂိုးပေါင်းကြေးပြင်းပြင်းပေါက်နေတဲ့ အိမ်ရှင်ဘရိုက်တန် ဂိုးစရတာနဲ့ သွင်းဂိုးတွေ ထပ်မြင်ရဖို့ရှိပြီး တစ်ဖက်တစ်ဂိုး သေချာနေတာမို့ ဂိုးအပေါ် တစ်ကြောင်းတည်းကိုဘဲ ရွေးချယ်ချင်ပါတယ် ။
◾ လီဗာပူးလ် Vs နော်တင်ဟန်ဖောရက်
တိုက်စစ် ခံစစ် အားပြိုင်မဲ့ပွဲပါ။ နော်တင်ဟန် ဖောရက်ကို လျော့တွက်လို့ မရပါဘူး။ သောကြာ၊ စနေညမှာ ထိုးသားအများစုကို ဘွတ်ကီတွေ ထိုးကျွေးခဲ့ပြီး ဒိုင်တွေလည်း ညည်းနေကြပါပြီ။ တနင်္ဂနွေညမှာ သတိကြီးကြီးထားဖို့လိုပါတယ်။ စုံပေးကျွေးမယ် မထင်သလို ဘော်ဒီပေးရင် ဂိုးပေါင်းထိန်းမယ်။ ဂိုးပေါင်းပေးရင် ဘော်ဒီပြန်ထိန်းမဲ့ အကွက်ပါ။ ဒီတော့ လီဗာပူး အသင်းနိုင်ပြီး ဂိုးမပြတ်ဘူးလို့ ယူဆတဲ့အတွက် ဂိုးအောက် တစ်မျိုးတည်းကိုပဲ ရွေးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
◾ မန်ယူ Vs မန်စီးတီး
Super Sunday ညရဲ့ Big Match ပွဲ၊ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ ပရိတ်သတ် စိတ်ဝင်စားမှုအများဆုံး မန်ချက်စတာ ဒါဘီ ပွဲစဥ်ဖြစ်ပါတယ်။ နိုင်ပွဲရရှိဖို့ နှစ်သင်းလုံးကြိုးစားလာကြမှာဖြစ်ပြီး သွင်းဂိုးတွေ မြင်ရဖို့ရှိပါတယ်။ တစ်ဖက်တစ်ဂိုး ပေးထားပြီး နောက်တစ်ဂိုး ဘယ်သူသွင်းမှာလဲ စောင့်မျှော်အားပေးရင်း ဂိုးပေါ် တစ်မျိုးတည်းကိုဘဲ ရွေးချယ်ပေးလိုက်ပါတယ်။
◾ အင်တာမီလန် Vs ရိုးမား
စီးရီးအေ အသင်းကြီးနှစ်သင်းထိပ်တိုက်တွေ့ဆုံပွဲပါ။ အင်ဇာဂီရဲ့ အင်တာ ခံစစ် တိုက်စစ် မျှတကောင်းမွန်ပါတယ်။ မော်ရင်ညိုရဲ့ ရိုးမားဟာလည်း အဝေးကွင်းမှာ ဖွင့်ကန်လာမှာမဟုတ်ပါဘူး။ နှစ်ဖက်သွင်းဂိုး သုံးဂိုးသွင်းဖို့ ဆိုတာ ဖြစ်နိုင်ခြေ တအားနည်းလို့ ဂိုးပေါင်းအောက်ကို ရွေးချင်ထားတာ အကောင်းဆုံးပါ။
◾ မာဆေး Vs လိုင်ယွန်
ကိုးပွဲကစားပြီး နိုင်ပွဲလုံးဝမရသေးတဲ့ လိုင်ယွန်ရဲ့ ခြေစွမ်းဟာ ဘာမှသုံးစားလို့ မရလောက်အောင်ထိ ဆိုးရွာလွန်းပါတယ်။ တိုက်စစ်ကောင်းတဲ့ မာဆေးအသင်း အိမ်ကွင်းမှာတော့ လိုင်ယွန်ရဲ့ သွင်းဂိုး အလှူပေးပွကြီးကို မြင်ရဖို့ပဲရှိပါတယ်။ အနည်းဆုံး တစ်ဂိုးအသာနဲ့ နိုင်မဲ့ မာဆေးဘော်ဒီကို အပိုင်ရွေးချယ်ထားလိုက်ပါ။
◾ ဘီဘာအို Vs ဗလင်စီယာ
အိမ်ကွင်းဆို အသေအကြေကန်တဲ့ ဘီဘာအိုကြောင့် ဗလင်စီယာအသင်းအပေါ် ပေါက်ကြေးမြင့်နေတယ် ထင်ပါတယ်။ ဗလင်စီယာအသင်း အဝေးကွင်း ညံ့သလို တိုက်စစ်လည်း မကောင်းပါဘူး။ ဘာစီလိုနာနဲ့ပွဲ အရှုံးကနေ ပြန်လည် နိုးထမဲ့ အိမ်ရှင်ဘီဘာအိုကို ရွေးချယ်ရမှာပါ။
စိတ်ကြိုက်အဖြစ်ဆုံး၊ အကောင်းဆုံးပွဲတွေကိုသာ ရွေးချယ် တင်ဆက်ပေးထားပါတယ်။ အားလုံးအပေါင်းပြကြပါစေ။