October 19, 2024

MT News

၂၇. ၁၀. ၂၀၂၃

မြောက်ပိုင်းသုံးဖွဲ့က ဒီနေ့စတင်လိုက်တဲ့ တိုက်ပွဲတွေပြင်းထန်နေမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဘက်အသီးသီးက အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အာမခံချက်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်တယ်လို့ China State Controlled Media ဖြစ်တဲ့ CRI Myanmar မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က အောက်တိုဘာ ၂၇ ရက်မှာ ပုံမှန်သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ဒီပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက အခုရက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ MNDAA အကြား စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့တယ်လို့ သတင်းများအရ သိရပြီး ဒါကို တရုတ်နိုင်ငံက ဘယ်လိုမှတ်ချက်ပြုလိုပါသလဲလို့ မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး Mao Ning က တရုတ်နိုင်ငံဟာ သက်ဆိုင်ရာပဋိပက္ခအခြေအနေကို များစွာဂရုပြုနေပြီး သက်ဆိုင်ရာဘက်သီးသီးက အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့၊ ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အငြင်းပွားမှုကို ဖြေရှင်းဖို့၊ အခြေအနေ ပိုမိုဆိုးရွားလာမှုကို ရှောင်ရှားဖို့၊ လက်တွေ့ထိရောက်တဲ့ ဆောင်ရွက်ချက်တွေနဲ့ တရုတ်-မြန်မာ နယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အာမခံချက်ပေးဖို့ တိုက်တွန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *