October 19, 2024

MT News

၂၇. ၁၀. ၂၀၂၃

ယနေ့မှစ မြောက်ပိုင်းသုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်လိုက်မှုကို NUG က ဝမ်းမြောက်စွာ ကြိုဆိုကြောင်း ယခုထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)က အချက်(၅)ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့်ရက္ခိုင် (ULA/AA) တို့ ပူးတွဲ၍ “၁၀၂၇ စစ်ဆင်ရေး” စတင်ကြောင်း ကြေညာချက်ကိုလည်း ယနေ့တွင် တပြိုင်တည်း ထုတ်ပြန်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အလစ်အငိုက် တိုက်ခိုက်မှုများစတင်၍ နိုင်ငံဝန်ထမ်းနှင့်ပြည်သူများသေကြေကာ နိုင်ငံပိုင်လမ်းတံတားများဖျက်ဆီးခံနေရချိန်တွင် ထိုစစ်ဆင်ရေးကို ဝမ်းမြောက်သည်ဟုလည်း NUG က ထောက်ခံကြိုဆိုခဲ့ခြင်းဖြစ်သည်။

ထို့အတူ NUG အနေဖြင့် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး “၁၀၂၇ စစ်ဆင်ရေး” နှင့် ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *