October 19, 2024

၂၈.၁၀.၂၀၂၃
Written by Pan Ei

တောင်ကိုရီးယား နာမည်ကြီး အမျိုးသားအဆိုရှင်အဖွဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ V ရဲ့ နေအိမ် ဓာတ်လှေကားထဲအထိ နောက်ယောင်ခံလိုက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုးလ်မြို့ဂန်နမ်ရဲတပ်ဖွဲ့က မနေ့ (အောက်တိုဘာ ၂၇ ရက်) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသမီးဟာ အသက် ၃၀ ဝန်းကျင်လို့သိရပြီး သူမဟာ V ရဲ့ နေအိမ်ကားရပ်နားရာနေရာမှာ V ကိုစောင့်ဆိုင်းနေပြီး အဆောက်အအုံထဲကို နောက်ယောင်ခံလိုက်ခဲ့ခြင်းဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-28_16-12-19-1024x576.jpg

ဒါ့အပြင် သူမဟာ ဓာတ်လှေကားထဲကိုလိုက်ပြီးနောက် ထွက်ပြေးသွားခဲ့ပြီး ပိုပြီး ထိပ်လန့်စရာကောင်းတာက သူမထွက်ပြေးသွားချိန်မှာ သူမနာမည်နဲ့ လက်ထပ်ခွင့်လိုင်စင်လျှောက်လွှာကျကျန်နေခဲ့တာပဲဖြစ်ပါတယ်။

အခုခါမှာတော့ သူမဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရပြီး BTS အဖွဲ့ရဲ့ ပရိသတ်တွေဖြစ်တဲ့ Army တွေကလည်း အဆိုပါ လုပ်ရပ်နဲ့ပတ်သပ်ပြီး ဒေါသထွက်လျက်ရှိနေကြကာ အနုပညာရှင်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိတ်ပူနေကြတာတွေလည်း ရှိနေပါတယ်။

Ref; Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *