October 19, 2024

၂၈. ၁၀. ၂၀၂၃
Written By Thandar

နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် Miss CosmoWorld 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ကြည်ဖြူခင် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ MTNews Entertainment ကို ပြောပါတယ်။

“လက်ရှိ ညီမဘက်က အကုန် Detail ပြင်ဆင်နေပါပြီ။ Flight Ticket လည်း ဝယ်ပြီးပြီ။ အခု Visa လျှောက်ထားပါတယ်။ ဝတ်စုံကအစ Designer တွေနဲ့ တိုင်ပင်ပြီး အကုန်သေချာ ကြိုပြင်ဆင်နေပါတယ်။ Photoshoot တွေ လုပ်ထားတာတွေ ရှိသလို ထပ်လည်းလုပ်သွားမှာပါ။ မြန်မာမှု အနုပညာလက်ရာကစ ကမ္ဘာကသိအောင် သေချာလေးပြင်ဆင်နေပါတယ်။ National Gift ပေးဖို့အတွက် သေချာရွေးနေပါတယ်။ အရင်ထဲက ပွဲလေးတွေ ပြိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေနဲ့ သေချာလေးပြင်ဆင်ပြီး မြန်မာကို နိုင်ငံတကာက သတိထားမိအောင် ကြိုးစားမှာပါ”လို့ Miss CosmoWorld Myanmar 2023 အလှမယ် ကြည်ဖြူခင်က MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-28_13-37-53-963x1024.jpg

အဆိုပါ ပြိုင်ပွဲကြီးကိုတော့ လာမယ့် နိုဝင်ဘာ ၁၅ ရက်ကနေ နိုဝင်ဘာ ၂၉ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ကြည်ဖြူခင်က နိုင်ငံပေါင်း ၃၀ ဝန်းကျင်က အလှမယ်တွေနဲ့အတူ ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အဓိက အချက်အလက်တွေ အကုန်ကိုတော့ မကြာခင်မှာ Main Organization ဘက်က ကြေညာသွားမှာလည်း ဖြစ်ပါတယ်။

အလှမယ်ကြည်ဖြူခင်ဟာ Environmental Consultant, Freelance MC အဖြစ်‌ဆောင်ရွက်နေ ရုံသာမက Central Yangon ရဲ့ Global Organization တစ်ခုဖြစ်တဲ့ Rotaract Club မှာလည်း Vice president အဖြစ် တာဝန်ထမ်းဆောင်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေ ပြုလုပ်နေသူတစ်ဦးဖြစ်ပါတယ်။ Miss Universe Myanmar 2023 ပြိုင်ပွဲကြီးမှာ ပျဥ်းမနားမြို့ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့လည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-28_13-38-01-1024x1024.jpg

လာမယ့် နိုဝင်ဘာ ၂၉ ရက်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ Miss CosmoWorld 2023 Grand Final ပြိုင်ပွဲကြီး ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *