October 19, 2024

၂၈.၁၀.၂၀၂၃.
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်၌ ပစ်ခတ်တိုက်ခိုက်နေမှုကို ရပ်စဲရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ခဲ့မှုအား အစ္စရေးအစိုးရက အောက်တိုဘာလ ၂၇ ရက်တွင် ငြင်းပယ်ခဲ့ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ရွံရှာစက်ဆုတ်ဖွယ်တောင်းဆိုမှုတစ်ရပ်အဖြစ် လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလီ ကိုဟန်က “ကျွန်တော်တို့ အနေနဲ့ အထွေထွေညီလာခံရဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကို လုံးလုံးလျားလျားငြင်းပယ်ရပါလိမ့်မယ်။ ကမ္ဘာကြီးမှာ နာဇီနဲ့ အိုင်အက်စ် တို့ကို အရေးယူဆောင်ရွက်ခဲ့ရခဲ့သလိုပဲ အစ္စရေးအနေနဲ့ ဟားမားစ်အုပ်စုကို လုံးဝအမြစ် ပြတ်ချေမှုန်းဖို့ ရည်ရွယ်ပါတယ်” ဟု ပြောခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံက အောက်တိုဘာ ၂၇ ရက်တွင် အစ္စရေးနှင့်ဟားမားစ်တို့အကြား ဖြစ်ပွားနေသောစစ်ပွဲအတွင်း ရန်လိုတိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းကြရန် ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကို နိုင်ငံ ၁၂၀ က ထောက်ခံခဲ့ပြီး အမေရိကန်နှင့် အစ္စရေးအပါအဝင် ၁၄ နိုင်ငံက ကန့်ကွက်ခဲ့ကြကာ ၄၅ နိုင်ငံကမူ မဲမပေးဘဲနေခဲ့ကြသည်။

ကုလသမဂ္ဂ ဆိုင်ရာအစ္စ ရေးနိုင်ငံသံအမတ် ဂီလတ် အာဒန် ကလည်း “ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးရဲ့ နိုင်ငံအများစုကလည်း သူ့ နိုင်ငံသားတွေကိုကာကွယ်ဖို့ ဥပဒေနဲ့အညီဆောင်ရွက်နေတဲ့ အစ္စရေးနိုင်ငံထက် နာဇီအကြမ်း ဖက် တွေကိုထောက်ခံဖို့ ပိုပြီးလိုလားနေကြတာတွေ့ရတယ်” ဟုပြောခဲ့သည်။

အောက်တိုဘာ ၂၇ ရက်မှာပင် အစ္စရေးကာကွယ်ရေးဝန်ကြီး ဌာနက ဂါဇာကမ်းမြောင်၌ အစ္စရေး၏ မြေပြင်စစ်ဆင်ရေးများကို တိုးချဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဟားမားစ်တို့နှင့်စစ်ပွဲ ရှေ့တန်းစစ်မျက်နှာတိုင်းတွင် ရည်မှန်းချက်များပြည့်ဝစေရန် အင်အားသုံး စစ်ဆင်လျက်ရှိကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့်လည်း ဂါဇာဒေသအတွင်း ၎င်းတို့၏မြေပြင်စစ်ဆင်ရေးများ အောင်မြင်စေရန် အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုများ ပို၍ပြုလုပ်လာဖွယ်ရှိကြောင်း သုံးသပ်ကြသည်။

Ref—–CNN

Leave a Reply

Your email address will not be published. Required fields are marked *