October 19, 2024

၂၈. ၁၀. ၂၀၂၃
Written By Thandar

ပရိသတ် ချစ်ခင်မှုကို ပိုမိုရရှိလာတဲ့ သရုပ်ဆောင် အဆိုတော် စိုးပြည့်သဇင်က လွန်ခဲ့တဲ့ ၄ နှစ်က အဆိုတော်မိုးမိုးနဲ့ တွဲဖက်သီဆိုထားတဲ့ ဒီနေ့ Music Video အချစ်သီချင်းလေးထွက်ရှိလာမှာပါလို့ ဆိုပါတယ်။

“ကိုသားငယ်(ဟိန်းဝေယံ)က စိုးပြည့် သီချင်းတွေမှာ အမြဲတမ်း ကူညီပေးတယ်။ သီချင်းလေးက လူငယ်ပုံစံမျိုးလေးက ကိုငယ်နဲ့လည်း လိုက်ဖက်တဲ့ ပုံစံလေးပါ။ စိုးပြည့် ဒီသီချင်းကို အကြောင်းအမျိုးမျိုးကြောင့် ထွက်ဖို့ ကြာသွားတယ်။ လွန်ခဲ့တဲ့ ၄ နှစ် နီးပါးလောက်က သီချင်းဆိုထားပြီး ရိုက်ကူးထားတာပါ။ မထွက်ဖြစ်လိုက်တာပါ။ စိုးပြည့် သီချင်းတွေ လုံးဝမထွက်ဖြစ်တာကြောင့် လုပ်ပြီးသားအဆင်သင့်မို့ ထွက်လိုက်တာပါ။ ကိုမိုးမိုးနဲ့ စိုးပြည့်တို့ စုံတွဲဆိုထားတာပါ။ သီချင်းလေးတွေ မထုတ်ဖြစ်တာလည်း ကြာပြီမို့ တစ်ခါတည်း Music Video လေးထွက်ဖြစ်တာပါ”လို့ သရုပ်ဆောင် စိုးပြည့်သဇင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-28_12-43-05-1024x502.jpg

အဆိုပါ တေးသီချင်းကို တေးရေး တေးဆို မိုးမိုးက “ဒီနေ့ ကိုယ့်ရဲ့ မိဘများနဲ့ သူလာတွေ့မယ်။ အကောင်းဆုံး ဖြစ်ဖို့ အတွက်ပြင်ဆင်ထားတယ်” ဆိုတဲ့ အချစ်သီချင်းပုံစံရေးသားပေးထားပြီး လာမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ Melo Music Application နဲ့ စိုးပြည့်သဇင် You Tube Chanel ကနေ ထွက်ရှိမှာဖြစ်ပါတယ်။ စိုးပြည့်သဇင်ရဲ့ ဒီနေ့သီချင်းကို သရုပ်ဆောင် ဟိန်းဝေယံက ပါဝင်သရုပ်ဆောင်ပေးထားတာလည်းဖြစ်ပါတယ်။

“ကိုသားငယ်နဲ့ ခင်နေတော့ သူ့ကို အားနာနေတယ် ဆိုတာမျိုး မရှိပါဘူး။ Love Sence ဆိုလည်း အလုပ်ဆိုတော့ လုပ်ရတာပါပဲ ။ တခြား မင်းသားတွေအများကြီးနဲ့ စိုးပြည့် ဒီလို ရိုက်ရင်လည်း အချစ်ခန်း ရိုက်ရင်လည်း ဒီလိုပါပဲ။ ဒီသီချင်းလေးကို ပေါ့ပေါ့ပါးပါး တိုင်ပင်ပြီး ရိုက်ထားကြတာပါ” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *