October 19, 2024

၂၈.၁၀.၂၀၂၃.
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ လဲဝီစတုန်းမြို့၌ အောက်တိုဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သော လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွင် လူ ၁၈ ဦးသေဆုံးခဲ့ကြောင်းနှင့်တရားခံသေနတ်သမားကို အောက်တိုဘာ ၂၇ ရက် ညပိုင်းတွင် အသေတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

ရောဘတ်ကတ် အမည်ရှိ ထိုမသင်္ကာဖွယ် သေနတ်သမားက အမေရိကန်ကြည်းတပ် အရန်တပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး ပစ်ခတ်မှုများက လဲဝီစတုန်းမြို့အတွင်း ဘိုးလင်းကစားရုံတစ်ခုနှင့် စားသောက်ဆိုင်တစ်ခုတို့တွင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

အသက် ၄၀ နှစ်ရှိ ရောဘတ်ကတ်က မိမိကိုယ်မိမိ ပစ်သတ်သေသွားခြင်းဟုလည်းယုံကြည်ရကာ ၎င်းက သားဖြစ်သူထံရေးထားသော မိမိကိုယ်မိမိ သတ်သေမည့်အကြောင်းရေးထားသည့်စာကို အောက်တိုဘာ ၂၆ ရက်တွင် စတင်တွေ့ရှိခဲ့သည်။ အောက်တိုဘာ ၂၇ ရက်တွင်မူ ၎င်း၏ခန္ဓာကိုယ်ကို လစ်ဘွန်းမြို့အနီးမှ တွေ့ခဲ့ခြင်းဖြစ်သည်။

ကတ်က စိတ်ဝေဒနာ ခံစားနေရသူတစ်ဦးဖြစ်ကြောင်းလည်းသိရကာ ၂၀၂၃ ခုနှစ်အစောပိုင်းကလည်း စိတ်ရောဂါကုဆေးရုံတစ်ခုသို့ နှစ်ပတ်ကြာတင်ပို့ခဲ့ရသေးကြောင်း သိရသည်။ ၎င်းက ၂၀၀၂ ခုနှစ်မှစ၍ ကြည်းတပ်တွင် စတင်ပါဝင်အမှုထမ်းခဲ့သည်။ သို့သော် အကြားအာရုံချောက်ချားမှုများရှိကြောင်းတွေ့ရှိပြီးနောက် တိုက်ခိုက်ရေးတပ်များတွင် နေရာချထားခြင်း မခံခဲ့ရပေ။

Ref——Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *