October 19, 2024

၂၈. ၁၀. ၂၀၂၃
Written By Thandar

နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ဖျော်ဖြေပွဲ၊ ပြိုင်ပွဲပါဝင်မယ့် Overflow Festival ကိုလာမယ့် နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်တို့မှာ ရန်ကုန်မြို့ Thuwannabumi Event Park မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီပွဲကြီးအတွက် နေ့တိုင်း အပြင်းအထန်လေ့ကျင့်နေတယ်။ နေ့တိုင်း Practice လုပ်နေတယ်။ ဘာလို့လဲဆိုတော့ ၄ ရက်နေ့က ဂွမ်းလို့မရဘူး။ အသေကြုံးမှ ရမယ်။ ပရိသတ်တွေလည်း လာခဲ့မှ ရမယ်။ လာတဲ့သူတိုင်းလည်း တန်တယ်။ အဲမှာ ကလေးပွဲတွေရော၊ ကလေးတွေကို ပျော်အောင်လုပ်ပေးမယ့်အရာတွေ အများကြီး။ မိသားစုတွေလည်း စျေးပတ်ဝယ်ပြီး တစ်မိသားစုလုံး လာပြီး သောင်းကျန်းလို့ရမယ်။ လုံးဝ သားပိုက်ကောင်တွေလိုပဲ။ ၂ ရက်လုံး Overflow ကျင်းပမှာပါ။ ဒါပေမယ့် မောင်ဂျေမီတို့က ပထမရက်မှာ ဖျော်ဖြေမှာ အကောင်းဆုံးအချိန်မှာ ဖျော်ဖြေမှာမို့ စောစောစီးစီးလာခဲ့ တော်ကြာလစ်သွားဦးမယ်နော်။ ဖိတ်ခေါ်ပါတယ်”လို့ အဆိုတော် ဂျေမီကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-28_11-20-15-1024x1024.jpg

အဆိုပါ Festival မှာ Artist အယောက် ၄၀ ကျော် ၊ ဘတ်စကတ်ဘောပြိုင်ပွဲတွေ၊ Dance Competition အကပြိုင်ပွဲတွေနဲ့ Pop-up Stores တွေအပြင် ရန်ကုန်မြို့က နာမည်ကြီး Thrift Store တွေ၊ လူငယ် Culture တွေလျှံထွက်နေမယ့် Music Festival တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၄ ရက် နေ့လည် ၃ နာရီမှာ ဂျေမီ ၊ ရဲလေး ၊ Mary ၊ မိုးထက် ၊ Double J၊ Nj၊ Louz Xa Lone၊ Young P၊ 99 Symphony၊ YTX၊ Solo Bigboy၊ Young Kuu၊ Ceyyie၊ Thirty Six စတဲ့သူတွေ ဖျော်ဖြေတင်ဆက်ကြမှာဖြစ်သလို နိုဝင်ဘာ ၅ ရက်မှာ BG 18၊ ရဲရင့်အောင် ၊ Bobby Soxer, Mairy ၊ Paikyu ၊ Minus ၊ Milly စတဲ့သူတွေက ဖျော်ဖြေတင်ဆက်ကြမှာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-28_11-20-18-1024x1024.jpg

Ticket Price အနေနဲ့ GA အနေနဲ့ ကျပ် ၂ သောင်း ၊ VIP အနေနဲ့ ကျပ် ၄ သောင်း ၊ GA Combo အနေနဲ့ ကျပ် ၃၅၀၀၀ ၊ VIP Combo အနေနဲ့ ကျပ် ၆သောင်းတို့ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *