October 19, 2024

၂၈. ၁၀. ၂၀၂၃
Written by Nay Moe

ယမန်နေ့က မြောက်ပိုင်းသုံးဖွဲ့ စတင်တိုက်ခိုက်သည့် ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ တအောင်းပြည်နယ် တပ်မဟာ(၆) စစ်ဒေသ လားရှိုးမြို့နယ်ရှိ တိန်းတန်တပ်စခန်းနှင့် အခြားစခန်းများကို PSLF/ TNLA က အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

TNLA တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်းတန်တပ်စခန်းတို့ကို နံနက်ပိုင်း ၅ နာရီ ၂၀ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်ခဲ့ပြီး၊ နေ့လယ်ပိုင်း ၁၂ နာရီအချိန်တွင် တိန်တန်တပ်စခန်းကို သိမ်းပိုက်ခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-10-28_10-14-01-896x1024.jpg

တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ သေနတ် (၁၄)လက်၊ RPG (၁)လက်၊ 60MM- ၂ လက်၊ စက်လက်အကြီး ၁ လက်၊ လက်ပစ်ဗုံး- ၂၀၀၊ RPG ကျည်- ၃၀၊ 60MM ကျည်- ၅၀၊ မိုင်း၊ ကျည်ဆံမြောက်များစွာ စသည့် စစ်အသုံးအဆောင် ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) (၃)ခု တို့ကို နံနက်ပိုင်း ၄ နာရီအချိန်တွင် တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လခရအလောင်း (၁၈)လောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရခဲ့မိသည်။

This image has an empty alt attribute; its file name is photo_2023-10-28_10-14-07-1024x463.jpg

ထို့အတူ ယမန်နေ့အတွင်း လခရဘက်က လေကြောင်းတိုက်ခိုက်မှု ဂျက်ဖိုက်တာ ၇ ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟက်ယာဥ်ဖြင့် ၅ ကြိမ်နှင့် ၁၂၀/၁၀၅ ဟောင်ဝေဇာအမြောက် ၁၂ ကြိမ်ဖြင့် တိုက်ပွဲဖြစ်သည့်နေရာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *