October 19, 2024

၂၈. ၁၀. ၂၀၂၃
Written By Treasure

အောက်တိုဘာလအတွက် နိုင်ငံ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းတွေရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ထုတ်ပြန်ခဲ့ရာမှာတော့ ပေါ်တူဂီအသင်းနဲ့ စပိန်အသင်းတို့က ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေတိုးတက်လာခဲ့ပြီး ကမ္ဘာ့အဆင့် ၆နဲ့ ၈ တို့မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ခဲ့တဲ့ အောက်တိုဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေအရ အာဂျင်တီးနားအသင်းက အဆင့် ၁၊ ပြင်သစ်အသင်းက အဆင့် ၂၊ ဘရာဇီးအသင်းက အဆင့် ၃၊ အင်္ဂလန်အသင်းက အဆင့် ၄၊ ဘယ်လ်ဂျီယံအသင်းက အဆင့် ၅ နဲ့ အပြောင်းအလဲမရှိ ရပ်တည်နေပြီး ပေါ်တူဂီအသင်းက အဆင့် ၆၊ နယ်သာလန်အသင်းက အဆင့် ၇၊ စပိန်အသင်းက အဆင့် ၈၊ အီတလီအသင်းက အဆင့် ၉၊ ခရိုအေးရှားအသင်းက အဆင့် ၁၀ နေရာမှာ အသီးသီးရပ်တည်နေပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-28_09-57-03-1024x682.jpg

ပေါ်တူဂီအသင်းနဲ့ စပိန်အသင်းတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့် ၈ နဲ့ ၁၀ နေရာမှာပဲရပ်တည်ခဲ့ပေမယ့် ရမှတ်တိုးတက်လာခဲ့တာကြောင့် အောက်တိုဘာလမှာတော့ ကမ္ဘာ့အဆင့် ၆ နဲ့ ၈ ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အာရှတိုက်အသင်းတွေအတွက် အောက်တိုဘာလ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေအရ ဂျပန်အသင်းက အဆင့် ၁၈၊ အီရန်အသင်းက အ‌ဆင့် ၂၁၊ တောင်ကိုရီးယားအသင်းက အဆင့် ၂၄၊ ဩစတေးလျအသင်းက အဆင့် ၂၇၊ ဆော်ဒီအသင်းက အဆင့် ၅၇၊ ကာတာအသင်းက အဆင့် ၆၁၊ ဗီယက်နမ်အသင်းက အဆင့် ၉၄၊ ထိုင်းအသင်းက အဆင့် ၁၁၂ နဲ့ မြန်မာအသင်းကတော့ အဆင့် ၁၅၈ မှာ ရပ်တည်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *